Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 28, 2013

သူ့ရဲ့ လိင်ပိုင်းဆိုင်ရာပြစ်မှုတွေကို ၀န်ခံလိုက်တဲ့ Lostprophets အဆိုတော် Ian Watkins


Lostprophets အဖွဲ့ရဲ့အဆိုတော် Ian Watkins ဟာသူ့ရဲ့မြောက်များစွာသော လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေအတွက် အပြစ်ရှိကြောင်းဝန်ခံခဲ့ပါတယ်။ Watkins ရဲ့ ဒီအမှုတွေကိုUK မှာကြားနာဖို့ ဒီအပါတ်မှာ စီစဉ်ထားတာဖြစ်ပါတယ်။ အဲဒီ့ကြားနာမှု စစချင်းမှာပဲ Watkins က တိကျတဲ့အထောက်အထားတွေ စိတ်အနှောက်အယှက်ဖြစ်စရာသက်သေတွေ ခင်ဗျားတို့တွေ့ရဦးမယ်လို့ ဂျူရီလူကြီးတွေကိုပြောပါတယ်။
နိုဝင်ဘာလ ၂၆ရက်နေ့မှာ မုဒိမ်းကျင့်ရန်ကြံစဉ်မှု နှစ်မှု၊ ၁၃နှစ်အောက် ကလေးတစ်ယောက်ကိုလိင်ပိုင်းဆိုင်ရာကျူးလွန်မှုတစ်မှုအပါအ၀င် ပြစ်မှုပေါင်း ၁၁မှုကို အပြစ်ရှိကြောင်းဝန်ခံထားပါတယ်။ အဲဒီ့အမှုတွေထဲမှာ အသက်တစ်နှစ်အောက်ကလေးတစ်ယောက် ပါဝင်ပါတယ်။ Watkins ဟာ နောက်ထပ် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်မှု သုံးမှု၊ ကလေး ၀တ်လစ်စလစ် ဓါတ်ပုံရိုက်ယူမှုနဲ့ပိုင်ဆိုင်မှု ခြောက်မှု၊ တိရိစ္ဆာန်နဲ့လိင်ဆက်ဆံနေတဲ့ ဓာတ်ပုံ ပိုင်ဆိုင်မှု တစ်မှုကိုဝန်ခံထားတာဖြစ်ပါတယ်။
နောက်ထပ်သတင်းတွေအရ Watkins ရဲ့အမှုကပိုပြီးခြောက်ခြားစရာကောင်းပါတယ်။ အဲဒီ့ပြစ်မှုတွေအတွက် Watkins နဲ့အတူ အမျိုးသမီးနှစ်ဦးလဲအဖမ်းခံခဲ့ရတယ်လို့ဆိုပါတယ်။ အဲဒီ့အမျိုးသမီးတွေဟာ သူတို့ရဲ့ကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့ပြီး Watkins ကိုလဲစော်ကားခွင့်ပြုခဲ့တယ်လို့ ရှေ့နေ Chris Clee ကပြောပါတယ်။ BBC ရဲ့အဆိုအရ Watkins က အဲဒီ့အမျိုးသမီးနှစ်ယောက်ဆီကိုပို့လိုက်တဲ့ text message နှစ်စောင်ကို ဒီအမှုရဲ့သက်သေအနေနဲ့ တွေ့ရမှာဖြစ်ပါတယ်။ တစ်စောင်မှာရေးထားတာက “မင်းကငါနဲ့ပါတ်သတ်နေတယ်ဆိုရင် မင်းရဲ့ကလေးကလဲငါနဲ့ပါတ်သတ်ရမှာပေါ့”လို့ဖြစ်ပြီး နောက်တစ်စောင်မှာတော့ “သူမကို သူမရဲ့အဖေနဲ့အမေကမချစ်ဘူး ဆိုတာကိုသူမသိဖို့လိုတယ်” လို့ရေးထားတာဖြစ်ပါတယ်။ Watkins ကအဲဒီ့ကလေးတွေကို ကိုကင်းအပါအ၀င်အခြား မူးယစ်ဆေးတွေကိုသုံးတတ်အောင် သင်ပေးဖို့ စီစဉ်ခဲ့တယ်လို့လဲဆိုပါတယ်။
အဲဒီ့မိန်းမတွေထဲကတစ်ယောက်က ကလေးမုဒိမ်းကျင့်ရန်ကြံစည်မှု နဲ့ ကလေးသူငယ်ဝတ်လစ်စလစ်ပုံ ရိုက်ကူးဖြန့်ဝေမှုတွေကိုဝန်ခံခဲ့ပြီး နောက်တစ်ယောက်ကတော့ ကလေးမုဒိမ်းကျင့်ရန်လျှို့ဝှက်ကြံစဉ်မှု၊ လိင်ပိုင်းဆိုင်ရာပြစ်မှု သုံးမှုနဲ့ဝတ်လစ်စလစ်ပုံ ရိုက်ကူးပိုင်ဆိုင်မှုတွေကို ၀န်ခံခဲ့ပါတယ်။
Watkins ရဲ့ဝန်ခံခဲ့တဲ့ကြားနာမှုကို Wales Online website ကအချိန်နဲ့တပြေးညီတင်ဆက်ခဲ့ပါတယ်။ အဲဒီ website ရဲ့အဆိုအရ Watkins ဟာသူ့ရဲ့မုဒိမ်းကျင့်ရန်ကြိုးစားနေတဲ့လုပ်ရပ်ကို ဗီဒီယိုရိုက်ကူးခဲ့တယ်လို့ဆိုပါတယ်။ အစိုးရဆက်သွယ်ရေးဌာနချုပ်က Watkins ရဲ့လျှိုဝှက်နံပါတ်ကို ဖေါ်ထုတ်ပြီး အဲဒီ့ file ကို ရယူခဲ့တာဖြစ်ပါတယ်။ သူဗီဒီယိုရိုက်ကူးထားမိတဲ့ လုပ်ရပ်ကိုတော့မမှတ်မိတော့ကြောင်း Watkins ကပြောပါတယ်။ ဒီလိုသိသာထင်ရှားပြီးစိတ်ဆင်းရဲစရာကောင်းလို့ တရားရုံးက ဒီ file ကိုလူသိအောင်ထုတ်လွှင့်ပြသတာမျိုး မလုပ်ခဲ့တာဖြစ်ကြောင်းကိုလဲ Wales Online ကတင်ပြထားပါတယ်။
“ဒီစုံစမ်းစစ်ဆေးမှုဟာ ကျွန်တော်မြင်ဖူးသမျှထဲမှာ ထိပ်လန့်စရာအကောင်းဆုံးနဲ့ စိတ်ဆင်းရဲစရာအကောင်းဆုံး သက်သေတွေကို ဖေါ်ထုတ်ပေးခဲ့ပါတယ်။ Ian Watkins ဟာ ကလေးသူငယ်တွေကို စော်ကားဖို့ သူ့ရဲ့နာမည်ကျော်ကြားမှုကိုအသုံးချခဲ့တယ်ဆိုတာကျွန်တော့်စိတ်ထဲမှာ သံသယမရှိပါဘူး” လို့ ဝေလနယ်တောင်ပိုင်းရဲဌာနရဲ့ အရာရှိ Peter Doyle ကကြားနာမှုအတွင်းမှာ ပြောခဲ့ပါတယ်။
Watkins နဲ့ အမျိုးသမီးတရားခံနှစ်ယောက်ကို ဒီဇင်ဘာ ၁၈ရက်နေ့မှာပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။
Ref:loudwire

No comments:

Post a Comment