Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 28, 2013

ဒီနှစ်အကယ်ဒမီ ရရ၊ မရရ ကျေနပ်ပါတယ်လို့ဆိုတဲ့ ပြေတီဦး


ခင်ဆွေသက်
လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ တစ်ပြေးနေတဲ့ အကယ်ဒမီပြေတီဦးရဲ့ ဒီနှစ်အတွက် ရင်ခုန်သံ ဘယ်လိုရှိမလဲဆိုတာ မေးကြည့်တဲ့အခါ  ‘တော်တဲ့သူတွေရကြမှာပါ။ အစ်ကိုနဲ့ပတ်သတ်တဲ့ ကားတွေက အစ်ကိုအစွမ်းကုန်ကြိုးစားခဲ့ပြီးပြီ။ ရခြင်း၊မရခြင်းကတော့ အစ်ကိုရဲ့ ကံပေါ့။ လက်ပံနဲ့ အကယ်ဒမီ မှန်းပေးကြတာနဲ့တင်ကို ကျေးဇူးတင်နေပါပြီ။ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျေနပ်ပါတယ်။ ဒါပေမဲ့ ရရင်တော့ပိုပြီးကောင်းတာပေါ့နော်။  အစ်ကိုတို့ရိုက်တဲ့ ကားတိုင်းဟာ ၁၀၀ ရာခိုင်နှုန်းကောင်း တယ်လို့အစ်ကိုတို့မပြောဘူး။ ဒါပေမဲ့ ရိုက်တဲ့အချိန်မှာတော့ ကိုယ်ကြိုးစားနိုင်သလောက် အစွမ်းကုန်ကြိုးစားခဲ့တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျေနပ်တယ်။ ရသည်ဖြစ်ဖြစ်၊ မရသည်ဖြစ်ဖြစ် ကျေနပ်ပါတယ်’တဲ့။
ရုံမတင်သေးခင်ကတည်းက ပရိသတ်တွေလက်ပံကို စိတ်ဝင်စားကြတာနဲ့ပတ်သက်ပြီးတော့ရော စိန်ခေါ်တဲ့ဇာတ်မျိုးတွေ ရွေးချယ်ရိုက်ကူးဖြစ်ကြောင်းကိုလည်း သူက ‘စိန်ခေါ်မှုပါလို့ကို အစ်ကိုက ကြိုက်တာ။ အစ်ကိုလျှောက်ခဲ့တဲ့လမ်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် လူတော်တော်များများမလုပ်တဲ့ အရာမျိုးတွေနဲ့ပဲ အစ်ကိုလျှောက်ခဲ့တာများတယ်။ ဒီလိုဇာတ်ရုပ်မျိုးဆိုရင်လဲ များသောအားဖြင့် ရိုက်ချင်ကြမှာမဟုတ်ဘူး။ အဖေတစ်ယောက်ရဲ့ ဇာတ်ရုပ်အပြင် Villain လဲဖြစ်နေတဲ့အတွက် လေ။ ဒါပေမဲ့ အစ်ကိုက အနုပညာကိုပဲအားကိုးတယ်။ ကိုယ့်အနုပညာကောင်းရင် ပရိသတ်လက်ခံမယ်လို့ အစ်ကိုက ယုံကြည်ထားတယ်။ ဒါပေမဲ့ အစ်ကိုရိုက်ခဲ့တဲ့စိန်ခေါ်မှုတွေဆိုတာလဲ နဲနဲလေးများ သရုပ်ဆောင်မှုတွေက လျော့သွားရင် အစ်ကို့ဘက်ကို အနှုတ်ပြသွားမှာ၊ အနှုတ်ပြမဲ့ဟာတွေကို အစ်ကိုက စိတ်နှစ်ပြီးကြိုးစားခဲ့တဲ့အတွက် အပေါင်းပြန်ဖြစ်သွားတာ။ အစ်ကိုကတော့ အဲ့ဒီလိုပဲ နားလည်ထားပါတယ်။ အဲဒီအနုပညာကို အားကိုးတဲ့စိတ်နဲ့ပဲအစ်ကိုရိုက်ခဲ့တာပါ’လို့ ပြောပါတယ်။

No comments:

Post a Comment