မန္တလေး၊ နိုဝင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကျားကိုက်ကျေးရွာတွင် ငြိမ်းချမ်းရေး ယူထားသော လက်နက်ကိုင်တပ်ဖွဲ့ တပ်သားအချို့ လာရောက်၍ ဆက်ကြေး တောင်းယူမှုများကြောင့် ၎င်းတို့ကို ကျေးရွာ ဒေသခံများက နိုဝင်ဘာလ ၇ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း ယင်း ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။
ယင်းသို့ ကျူးလွန်သော တပ်သား သုံးဦးမှာ ငြိမ်းချမ်းရေး ယူထားသော နာဂ လက်နက်ကိုင်တပ်ဖွဲ့ (NSC) မှ တပ်သားများ ဖြစ်ပြီး ယင်းတို့ကို ဥပဒေအရ အရေးယူသွားမည့်ကြောင်း ခန္တီးတပ်နယ် စစ်ဗျူဟာမှူးက The Voice သို့ ပြောကြားသည်။
အဆိုပါ တပ်သားများသည် သင်တန်းတက်ရန် ရှိသဖြင့် ယင်းကျေးရွာတွင် လမ်းစရိတ် တောင်းခံခြင်း ဖြစ်ပြီး လက်နက်များ ကိုင်ဆောင်ထားခြင်း မရှိကြောင်း ၎င်းတို့ကို ခန္တီး တပ်နယ်မှ တပ်နှင့် ရဲတပ်ဖွဲ့တို့က ကျားကိုက် ကျေးရွာသို့ သွားရောက် ဖမ်းဆီးပြီး ခန္တီး ရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါ တပ်သားသုံးဦးသည် ကျေးရွာ ဒေသခံများ ထံမှ ငွေကျပ် နှစ်သိန်းငါးသောင်း တောင်းခံခဲ့သည်ဟု သိရကြောင်း ခန္တီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုးက ပြောဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ခန္တီးခရိုင် ရဲတပ်ဖွဲ့သို့ ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည် ဖြေဆိုရန် ငြင်းဆိုသည်။
အဆိုပါ ဆက်ကြေး တောင်းခံခဲ့ရသော ကျားကိုက် ကျေးရွာသည် ခန္တီးမြို့နှင့် ၂၂ မိုင်ခန့် ဝေးပြီး ချင်းတွင်း မြစ်ဘေးရှိ ကျေးရွာ တစ်ရွာ ဖြစ်သည်။
ယင်းငြိမ်းချမ်းရေး ယူထားသော နာဂ အမျိုးသားကောင်စီ (NSC) အဖွဲ့မှ တပ်သား အချို့သည် မြို့နယ်အတွင်း ရွှေလုပ်ကွက် ကုမ္ပဏီများနှင့် ဒေသခံများထံမှ ဆက်ကြေး တောင်းခံမှုများ ပြုလုပ်နေသည်မှာ တစ်နှစ်ကျော် ကြာပြီ ဖြစ်ကြောင်း ခန္တီးမြို့ခံများထံမှ သိရှိရသည်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, November 9, 2013
ခန္တီးတွင် ဆက်ကြေးတောင်းသော တပ်သားများကို ကျေးရွာလူထု ဖမ်းဆီး
ခန္တီးတွင် ဆက်ကြေးတောင်းသော တပ်သားများကို ကျေးရွာလူထု ဖမ်းဆီး
Reviewed by VC
on
November 09, 2013
Rating: 5
Reviewed by VC
on
November 09, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment