Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 9, 2013

စစ်တွေ အကျဉ်းထောင်နံရံပြိုကျ


ရန်ကုန် ၊နိုဝင်ဘာ ၈ ။ ။ ရခိုင် ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေ အကျဉ်းထောင် နံရံပြိုကျမှုတစ်ခု နိုဝင်ဘာ ၈ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ စစ်တွေအကျဉ်းထောင်၏ ထောင်နံရံပြိုကျမှုမှာ နိုဝင်ဘာ ၈ရက် နံနက် ၂နာရီ ၅၅မိနစ် ခန့် တွင် အဆိုပါ အကျဉ်းထောင် ၏ အနောက်တောင်ဘက်စွန်း ရှိ ထုနှစ်ပေ၊ အမြင့် ၁၈ပေ၊ အ လျားပေ ၉ဝကျော်ရှိ နံရံတစ်ခုလုံး ပြိုကျခဲ့ခြင်းဖြစ်ပြီး နံရံပြိုကျသည့် အတွက် တစ်စုံတစ်ဦးမျှ ထွက် ပြေးလွတ်မြောက်မှုမရှိခဲ့သည့်အ ပြင် ထိခိုက် ဒဏ်ရာရရှိမှုလည်း မရှိခဲ့ကြောင်း သိရသည်။

''ထောင်နံရံက အနောက် ဘက်ကိုပြိုဆင်းသွားတာပါ။ ည အချိန်ဖြစ်တဲ့ အတွက် ထိခိုက် ဒဏ်ရာတော့တစ်ယောက်မှ မရ ဘူး''ဟု စစ်တွေ အကျဉ်းထောင် မှ ဝန်ထမ်းတစ်ဦးက ပြောသည်။

ယခုပြိုကျသည့်ထောင်နံရံ မှာ ယခင်ကပင် အက်ကွဲ ကြောင်း ရာများပေါ်ထွက်နေပြီး ယင်း အက်ကွဲရာမှပြိုကျခဲ့ခြင်းဖြစ် ကြောင်း နံရံပြိုကျသည်ကို သွား ရောက်ကြည့်ရှုခဲ့သူ ဒေသခံများ ၏ပြောပြချက်အရ သိရသည်။ ''တခြားနံရံတွေလဲ အက် ကွဲရာတွေပေါ် နေပြီ။ ထပ်ပြိုမယ် လို့ထင် တယ်''ဟု ထောင်နံရံ ပြို ကျသည် ကိုသွားရောက် ကြည့်ရှု ခဲ့သူ စစ်တွေဒေသခံတစ်ဦးက ဆိုသည်။

မာန်ယုကျော်(ရွှေဝမြေ) - Yangon Media Group

No comments:

Post a Comment