Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 7, 2013

သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော် မြတ်ကြီး၌ မသိုးသင်္ကန်း ရက်လှူပူဇော်ပွဲ ကျင်းပမည်

၂ဝဝ၆-၂ဝဝ၇ ခုနှစ်နောက်ပိုင်း မှစ၍ အကြောင်းအမျိုးမျိုးကြောင့် မပြုလုပ်ဖြစ်ခဲ့သည့် သီရိမင်္ဂလာ ကမ္ဘာအေး စေတီတော်မြတ်ကြီး၏ မသိုးသင်္ကန်း ရက်လှူ
ပူဇော်ပွဲကြီးကို ခြောက်နှစ်ကြာပြီးနောက် ယခုနှစ်တွင် ရန်ကုန်မြို့ရှိ တခြားတန်ခိုးကြီးဘုရား စေတီတော်များ နည်းတူ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည် ဖြစ်ကြောင်း ဂေါပကအဖွဲ့ဝင် ဦးလှထွန်းက ပြောကြားခဲ့သည်။
အဆိုပါ မသိုးသင်္ကန်း ရက်လှူပူဇော် ပွဲကြီးကို နိုဝင်ဘာ ၁၆ ရက်တွင်စတင်ပြီး နိုဝင်ဘာ ၁၇ ရက်နံနက် ၄ နာရီတွင် ကမ္ဘာအေး စေတီတော် မြတ်ကြီး၏ ပရိဝုဏ်အတွင်းရှိ ဘုရားဆင်းတုတော် ခုနစ်ဆူတို့တွင် ကပ်လှူပူဇော်မည် ဖြစ်သည်။ ''ဒီမသိုးသင်္ကန်း ရက်လှူပူဇော်ပွဲကို မလုပ်ဖြစ်တာလည်း ခြောက်နှစ်တာ၊ ခုနစ်နှစ်နီး ပါးလောက် ရှိနေပါပြီ။ ဒီနှစ်မှာ ပြန်လုပ်ဖြစ်တာနဲ့ ပတ်သက်ပြီး ကော်မတီတွေ၊ ဆပ်ကော်မတီတွေ ဖွဲ့ပြီးတော့ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်တယ်။ ပြီးတော့ ရွှေတိဂုံဘုရားမှာ လုပ်သလိုပြိုင်ပွဲ လုပ်ပြီး ဆုချီးမြှင့်သွားမှာပါ။ ဒါကြောင့် ပြိုင်ပွဲစလုပ်မယ့် နိုဝင်ဘာ ၁၆ ရက် ညနေ ၅ နာရီမှာ ရင်ပြင်တော်မှာပဲ ဖဲကြိုးဖြတ်ဖွင့်ပေးပြီး နောက်နေ့မနက် ၄ နာရီအထိ ၁ဝ နာရီအတွင်း ပြီးအောင်ရက်မယ်။ ရက်ကန်းစင်တော် ခုနစ်ခုမှာ အသင်း ငါးသင်းနဲ့ အဖွဲ့အစည်းနှစ်ခုတို့က ရက်လုပ်ယှဉ်ပြိုင်ပြီး မသိုးသင်္ကန်း ကပ်လှူပူဇော်မှာ ဖြစ်ပါတယ်။ ဆုအနေနဲ့ ပထမဆုက နှစ်သိန်းခွဲ၊ ဒုတိယဆု နှစ်သိန်း၊ တတိယဆု တစ်သိန်းခွဲနဲ့ နှစ်သိမ့်ဆုလေး ဆုချီးမြှင့်မှာပါ။ ပထမ၊ ဒုတိယ၊ တတိယဆုတွေမှာလည်း ငွေသားအပြင် ပူးတွဲအနေနဲ့ ငွေဖလားရယ်၊ ဂုဏ်ပြုကတ်ပြားရယ် ထပ်မံပါဝင်ပြီး နှစ်သိမ့်ဆုတွေကတော့ ဖလားနဲ့ ဂုဏ်ပြုကတ်တွေပဲ ချီးမြှင့်မှာပါ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
မသိုးသင်္ကန်း ဆုချီးမြှင့်ခြင်းကို ဂေါပကအဖွဲ့မှ ဦးမြင့်သိန်းနှင့် စက်မှုအထည် လုပ်ငန်းမှ ရက်ကန်း ပညာရှင်များက ပူးပေါင်း၍ အကဲဖြတ်ကြမည်ဖြစ်ကာ ဌာပနာတိုက် အတွင်းမှ ငွေဘုရားဆင်းတု ကိုယ်တော်ကြီးအား ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲနှင့် ရဟန်းသံဃာတော် ကိုးပါးကို အရုဏ်ဆွမ်း ကပ်လှူခြင်း မသိုးသင်္ကန်း ကပ်လှူပြီးနောက် တစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
http://mmforward.blogspot.com/2013/11/blog-post_8432.html

No comments:

Post a Comment