Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 21, 2013

အမျိုးသား၏အသားအရေနှင့် အမျိုးသမီးများ၏အသားအရေကွာခြားမှု


အမျိုသားများနှင့် အမျိုးသမီးများတွင် မျက်နှာတွင် အမွှေးအမျှင်များအပြင် အခြားသော မျက်နှာအနေအထားခြားနားမှုများ ရှိကြသည်။ Androgen (testosterone) တိုးမြှင့်မှုက အရေပြားထူထဲမှုကို ပို၍ ဖြစ်စေသည်။ သို့ဖြစ်၍ အမျိုးသားများ၏အရေပြားသည် အမျိုးသမီးများ၏အရေပြားထက် (၂၅%) ပို ၍ထူသည်။ အခြားအကြောင်း တစ်ခုကလည်း အမျိုးသားတို့၏ မျက်နှာပြင်အသားအရေသည် ပို၍မာကြော ကြမ်းတမ်းကြသည်။
Sebum (oil) နှင့်ယင်း၏ ထုတ်လုပ်မှုများမှာလည်း ကွဲပြားမှု ရှိကြသည်။ လူပျိုပေါက်ဝင်ပြီးနောက်ပိုင်း Sebum ထုတ်လုပ်မှုသည် အမျိုးသားများက အမျိုးသမီးများထက် ပို၍မြင့်မားသည်။ ယင်းကြောင့် Androgne စိမ့်ထွက်မှုကို ဖြစ်စေပြီး အမျိုးသားများတွင် ၀က်ခြံထွက်လျှင် မျက်နှာပေါ်၌ တာရှည်နေတတ်သည်။
အသက်ကို ထည့်မတွက်ဘဲ ပြောရလျှင် ယောကျာ်းများတွင် Collagen သိပ်သည်းမှုသည် မိန်းမများထက်ပို၍ မြင့်မားသည်။ အကြောင်းမှာ Collagen ပါဝင်မှုသည် အသားအရေအိုမင်းမှု လက္ခဏာနှင့် တိုက်ရိုက် ဆက်နွယ်နေခြင်းကြောင့် ဖြစ်သည်။ သို့သော် အမျိုးသားများသည် အမျိုးသမီးများထက် နေရောင်ကာကွယ်မှုနည်းပါးကြသည်။ အမျိုးသားများသည် အမျိုးသမီးများလောက် နေရောင်ကာကွယ်ဆေး သုံးစွဲမှုနည်းကြသည်။ (၁၅)နှစ် အရွယ်ယောကျာ်းလေးများတွင် ယင်း အချက်မသိသာနိုင်ပါ။
ခရမ်းလွန်ရောင်ခြည်၏ ဖျက်ဆီးမှုဒဏ်ကြောင့် အသက်ရလာသော အမျိုးသားများအဖို့ အသားအရေအိုမင်းပျက်စီးမှု နှေးကွေးအောင် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။
HT
Health Updates Journal

No comments:

Post a Comment