Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 14, 2013

(၇)နှစ်အရွယ် ကချင်ကျောင်းသူလေးအား မြန်မာ့တပ်မတော်သားတစ်ဦး မုဒိမ်းကျင့်


ရှမ်းပြည်နယ်မြောက်ပိုင်း ၊ သိန္နီမြို့ အနီးရှိ ရေပူရွာ ရှိ အဖ ဦး... နှင့် အမိ ဒေါ်...တို့သည် (၁၁.၁၁.၂၀၁၃)ရက်နေ့ နံနက် (၈)နာရီခန့် တွင်(၇) နှစ်အရွယ်သမီး မ...နှင့် သမီးငယ်(၆)လ တို့ (၂) ယောက်အား အိမ်တွင်ထားခဲ့ ပြီး တောင်ယာသို့ သွားရာကြရာ သိန္နီအခြေစိုက် မြန်မာအစိုးရ စစ်တပ် (ခ.မ.ရ-၃၂၃)တပ်မှ စစ်သား မောင်ဝင်းထွေး (ကိုယ်ပိုင်အမှတ်-တ/၃၃၇၀၇၆) သည် ကလေးမလေး (၂)ဦးရှိရာ အိမ်သို့ ရောက်ရှိလာပြီး ကလေးမလေး နှစ်ဦးအား အိပ်ခန်းထဲသို့ ပွေ့ချီ သွားကာ အငယ်မအားဘေးတွင်ချထားပြီး အကြီးမ မ.... အသက်(၇)နှစ် ၀တ်ဆင်ထားသောဘောင်းဘီအားချွတ် ခိုင်းပြီး မုဒိမ်းကျင့် ခဲ့ကြောင်း ၊ မ...မှ အနီးပတ်ဝန်းကျင်သို့ အဖွား... အမေ... ဟု အော်ဟစ်အကူအညီ တောင်းသောကြောင့် ၄င်းစစ်သား မှ ကလေးမအား ပါး (၂)ချက် ရိုက်ခဲ့ကြောင်း ကလေးမလေး မ... ၏ပြောပြချက်အရသိရှိရပါသည်။

ဤဖြစ်စဉ်အား အိမ်နီးနားချင်းများမှ မိဘ များထံ သွားရောက် ပြောပြရာ မိဘများ သည် နေ့ လည် (၁၂း၀၀) ခန့်တွင်အိမ်သို့ ပြန်လည်ရောက်ရှိလာပြီး အိမ်နီးနားချင်းများနှင့် အတူ ၄င်းစစ်သားအား လိုက်လံ စုံစမ်းရှာဖွေကြရာ ညနေ (၆)နာရီအချိန် ခန့် တွင် ၄င်းစစ်သားအား ကောင်းဆာရွာတွင် ဖမ်းဆီးနိုင်ခဲ့ ပြီး သိန္နီမြို့မရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားရာ ညနေ (၇)နာရီအချိန်တွင် သိန္နီနယ်ထိန်းရဲများမှာ ရဲစခန်း သို့ လာရောက် ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။

၎င်းစစ်သားသည် သိန္နီအခြေစိုက် (ခ.မ.ရ-၃၂၃) တပ်မှ တပ်သား မောင်ဝင်းထွေး (ကိုယ်ပိုင်အမှတ်- တ/၃၃၇၀၇၆) ဆိုသူဖြစ်ကြောင်း သိရှိရပါသည်။

ယခုအခါ ဤအမှုအား တရားဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ပေးရန်အတွက် သိန္နီမြို့ ရဲစခန်းမှုးသို့ မ...၏ မိဘ နှင့် ဆွေမျိုးများမှ အမှုဖွင့် တိုင်ကြားထားကြောင်း သတင်းရရှိပါသည်။
_____________________________________
သတင်းနှင့် ဓာတ်ပုံ- Lachid Kachin (15-11-2013)

No comments:

Post a Comment