Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, November 8, 2013

တောင်းစားနေရတဲ့ ဘ၀ ရောက်နေရတဲ့ တော်လှန်ရေး ရဲဘော်ကြီး သခင်လှကြိုင်

ပဲခူးတံတားပေါ်မှာ ပိုက်ဆံတောင်းစားနေရရှာတဲ့ တော်လှန်ရေး ရဲဘော်ကြီး သခင်လှကြိုင်ဟာ တပ်ထဲမှာနေစဉ်က စစ်သားချင်းချင်း မတော်တဆဖြစ်တဲ့ လက်ကဒါဏ်ရာနဲ့ တိုက်ပွဲမှာဖြစ်ခဲ့တဲ့ ညာ ဘက်ခြေထောက် ခြေကျင်းဝတ်ဒါဏ်ရာတစ်ခုသာရခဲ့ပါတယ်။ 



မျက်လုံးကတော့ လွန်ခဲ့တဲ့တစ်နှစ်ခန့်က ခြင်ထောင်ကြိုးတန်းနဲ့ထိပြီး ဆေးမကုနိုင်ရာက ကွယ်ခဲ့တာလို့ သိရပါတယ်။ 

လွန်ခဲ့တဲ့နှစ်နှစ်ခန့်က ရွှေသာလျောင်း လေးမျက်နှာ ဘုရားနားမှာ ကားတစ်စီးနဲ့ ပွတ်မိလို့ ခါးနာသွားပြီး အကြောပြင်ဆရာ (ဦးမွန်သီး) ဆီမှာ ကုသလို့ သက်သာခဲ့တယ် ပြောပါတယ်။ 

သခင်လှကြိုင်ရဲ့ဇနီး ဟာ လွန်ခဲ့တဲ့ (၁၅)ကျော်ခန့်က ဆုံးပါးခဲ့ပြီး သမီးအကြီးယောင်္ကျားဟာ မနှစ်က ဆုံးပါးခဲ့သလို အတူနေ သမီးအငယ်ကတော့ ကလေး(၃)ယောက် တစ်ခုလပ်ဖြစ်တာ ကြာခဲ့ပါပြီ။ 




မြေးမလေးတစ်ယောက်အိမ်ထောင်ကျပြီး သူတို့လိုဘဲ ကျူးကျော်မှာ တဲထိုးနေပါတယ်။ အရွယ်ရောက် ယောင်္ကျားလေးမြေးတစ်ယောက် ဆိုင်ကယ်တိုက်မှု့နဲ့ ထောင်ကျခဲ့လို့ အိုးလေးစုထဲက ပိုင်ခဲ့တဲ့ အိမ်လေးကို ရောင်းခဲ့ရပြီး သမီးအကြီးလို အိုးလေးစု ချောင်းကမ်းဘေးမှာ ကျူးကျော်နေရတဲ့ ဘ၀ ရောက်နေပါတယ်။ 

မြေး ယောင်္ကျားလေးတစ်ယောက်ရဲ့ ရတစ်လှည့် မရတစ်လှည့် ပန်းရံ လူကြမ်းဝင်ငွေ လေးနဲ့ မစား
လောက်တဲ့အခါမှာ တို့ဗမာ အစည်းအရုံးဝင် တော်လှန်ရေးသမားကြီး သခင်လှကြိုင်ဟာ မိသားစု (ထမင်းမငတ်) တော်လှန်ရေးတိုက်ပွဲ အတွက် (လွန်ခဲ့သောတစ်နှစ်မှစ၍) မိသားစု မသိအောင် ပဲခူးတံတားမှာ နံနက် (၆)နာရီလောက်မှ (၁၀)နာရီ အထိ လက်ရှိ အလုပ်ကို စလုပ်ပါတယ်။ 

မိသားစုကသိသွားကြတဲ့အခါမှာ ၀မ်းနည်းပြီး ငိုကြ ရုံကလွဲပြီး (ငါ့ မိသားစုကို ရိုးသားစွာ တောင်းရမ်းကျွေး တာ) ဆိုတဲ့ တော်လှန်ရေးရဲဘော်ကြီး၊ သခင်လှကြိုင်ရဲ့ စကားကို ထမင်းနပ်မမှန်ရှာတဲ့ မိသားစုတွေ ရင်နာနာနဲ့ လက်ခံခဲ့ရပါတယ်။ (သူတို့ ကိုယ်တိုင်လဲ ငတ်နေရှာတော့) အသက်(၉၃)နှစ်ရှိပြီ ဆိုတဲ့ သခင် လှကြိုင်ဆိုတဲ့ အဘဟာ ခုနှစ်သက္ကရာဇ်တွေ သေချာမပြောနိုင်ပေမယ့် သူဘ၀ရဲ့ အမှတ်တစ်ရဖြစ်ခဲ့တဲ့ အချက်လေးတွေ တော့ သေချာပြောနိုင်ခဲ့ပါတယ်။ 

 ဒီဇာတ်လမ်းဟာ ဇာတ်နာအောင် တမင်လုပ်ရေးတာ မဟုတ်သလို အာဏာပိုင်တွေကို ဝေဖန် စရာဖြစ်အောင် (ဝေဖန်စရာတွေက အများကြီးရှိပြီးသားပါ) လုပ်ကြံထားတာ မဟုတ်ပါဘူး။ 

သခင်လှကြိုင်ဟာ ခောတ်ရဲ့လိုအပ်ချက်အရ သူပါဝင်ထမ်းဆောင်ခဲ့တဲ့ နိုင်ငံသားတစ်ယောက် လုပ်သင့်လို့ လုပ်ခဲ့တဲ့ အလုပ်တစ်ခု အပေါ်မှာ ဘာအခွင့်အရေးမှ မျှော်လင့်ထားပုံမရပေမယ့် ကျနော်ကတော့ သူ မသေခင်လေးမှာ (သူဖုန်းစား) ဘ၀ကနေ လွတ်မြောက်စေချင်တာလေး တစ်ခုတော့ ဖြစ်မိပါတော့ တယ်…..။ 


စိတ်မကောင်းခြင်းများစွာဖြင့်……………………။ ကြည်လင်း အား ကျေးဇူးတင်သည်။ 

 ကျနော်နှင့်သခင်လှကြိုင်(၁) * ================= မနေ့က ရန်ကုန် “ မဇ္ဇျိ မ” သတင်းစာက သတင်းထောက် “ဖိုးစိုးသူ”ကလဲ သခင်လှကြိုင်ဆီလိုက်ပို့ ပါဆိုပြီး ပဲခူးရောက်လာတာနဲ့နှစ်ယောက်အတူတူ ပဲခူးတံတားဆီကို ဒီနေ့နေ့လည်(၂)နာရီမှာသွားကြည့်တော့ အဘက မရှိတော့ဘူး။ဒါနဲ့ အဘနေတယ်ဆိုတဲ့အိုးလေးစုရပ်ကွက် ရွှေစေတီ လမ်းသွယ်ဆီ ရောက်သွားခဲ့တယ်။အဘဟာ သူမှာရှိတယ်ဆိုတဲ့ (သူ့ဘ၀အတွက် အမှတ်တရရည်ရွယ်ချက်နဲ့)သိမ်းထားပုံရတဲ့ (တို့ဗမာ အစည်းအရုံးငွေရတုပွဲဖိတ်ကြားလွှာ ၁၉၃၅-၁၉၈၅ နဲ့ လွပ်လပ်ရေး မော်ကွန်းဝင်လျှောက်ထားလွှာ)တွေကိုထုတ်ပြပါတယ်။၁၉၈၅ မှာမှ လျှောက်ထားခဲ့တဲ့ သူ့လျှောက်လွှာဟာ ၁၉၈၈ -မ.ဆ.လ ပါတီ နှင့် အတူ တခန်းရပ်သွားခဲ့ပါတယ်။ရွှေတိဂုံ ဘုရားခြေရင်းမှာလုပ်ခဲ့တဲ့ တို့ဗမာအစည်းအရုံးငွေရတု ပွဲကိုတော့ တက်ဖြစ်ခဲ့တယ်လို့ပြောပါတယ်။အဘဟာ အင်္ဂလိပ်ကိုတော်လှန်တဲ့ ရွှေတောင်တိုက်ပွဲမှာပါခဲ့ပြီး ဂျပန် ကိုတိုက်ခဲ့တဲ့ သာယာဝတီ အနောက်ခြမ်းတိုက်ပွဲမှာလည်းပါခဲ့ကြောင်း သူ့ရဲ့တပ်ခွဲဗိုလ်ဖြစ်တဲ့ မော်ကွန်းဝင်(ပ)အဆင့် သခင်စောက ထောက်ခံထားပါတယ်။သခင်လှကြိုင်ဟာတော်လှန်ရေးပြီးလို့ လွပ်လပ်ရေးရပြီးတဲ့ အခါမှာ ဟင်္သာတ မှာရှိတဲ့ တပ်ကထွက်ပြီး ဇာတ်အဖွဲ့ ထဲလိုက်ရာကနေ ပဲခူးရောက်ပြီး အိမ်ထောင်ကျရာက သမီးနှစ်ယောက်မွေးခဲ့ပါတယ်။သခင်လှကြိုင်ဟာ မိသားစုကို အရွယ်ကောင်းစဉ်မှာမိမိ လုပ်အားနဲ့သမာအာဇိဝ ကျတဲ့ ဆေးဆိုးလုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်းတွေနဲ့ ရှာဖွေကျွေးမွေးခဲ့ပြီး နိုင်ငံတော်ထောက်ပံ့မှု့ရရှိဘို့မကြိုးစား(သူ့အတွက်လဲမလိုဘူးထင်ခဲ့ပုံရလို့)ခဲ့ပါဘူး။အခုတော့ ဒီအရွယ်ကျမှ ဒီလို လုပ်စားနေရတာဟာ အရချောင်လို့မဟုတ်ဘဲ(တချို့ ကွန်မက်ပေးသလို)သားသမီးမြေးတွေ အသုံးမကျ/အချောင်ခိုစားနေတာမဟုတ်ဘဲ အမှန်တစ်ကယ် ဒုက္ခ ရောက်နေတာ။မိသားစု အတွက် တိုက်ပွဲ တစ်ခု ၀င်နေတာလို့…….ကိုယ်တွေ့မျက်မြင်သုံးသပ်မိလို့စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဆက်လက်တင်ပြပါမည်။ ကျေးဇူးတင်ပါသည်။ Credit : Kyi Linn

No comments:

Post a Comment