Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 30, 2013

အစ်မဖြစ်သူ ရင်သွေးလေး လွယ်ထားရလို့ ၀မ်းသာနေတယ်ဆိုတဲ့ သန္တာဗိုလ်


လတ်တလော အနုပညာလှုပ်ရှားမှုနေနဲ့ ရန်ကုန်က ပရိုမိုးရှင်းပွဲတွေမှာ သီချင်းဆိုဖြစ်တယ်။  နယ်ပွဲတွေဆိုဖြစ်နေတယ်။ ပြီးတော့ နေပြည်တော်သွားဖို့ရှိပါတယ်။ သမီးအခွေနဲ့ပတ်သတ်လို့ အမ်တီဗီက ဒီဇင်ဘာလောက်မှ စရိုက်ဖြစ်မှာပါ။ ရှေ့နှစ်လောက်တော့ ထွက်ဖြစ်အောင် ကြိုးစားမှာပါ။ တစ်ပုဒ်ချင်းစီမှာ ထူးထူးခြားခြားလေးတွေလုပ်ဖို့တော့ ရှိပါတယ်။ အိုင်ဒီယာလေးတွေလည်း စဉ်းစားထားပါတယ်။ ရိုးရိုးရှင်းရှင်းလေးဆိုရင်လဲ ပရိသတ်စိတ်ဝင်စားမဲ့ ပုံစံလေးတော့လုပ်ဖြစ်မယ်။ လုံးဝအမိုက်စားပုံစံတွေလည်း ရိုက်ဖို့စိတ်ကူးထားပါတယ်။ သရုပ်ဆောင်တွေကိုတော့ သီချင်းနဲ့လိုက်မဲ့ သူတွေကိုရွေးဖြစ်မယ်။ အဲဒီအပိုင်းက ဒါရိုက်တာနဲ့လည်း တိုင်ပင်ရမှာပေါ့နော်။ ပြီးတော့အိမ်နဲ့လည်း တိုင်ပင်ရမယ်။ သေချာတာကတော့ ကိုယ့်သူငယ်ချင်းတွေထဲက လူတွေပဲဖြစ်မှာပါ။ ဒါရိုက်တာကတော့ သေချာမစဉ်းစားရသေးဘူး။ ကိုအေးဇော်မိုးပါမယ်။ Aroma ပါမယ်။ ကိုဝင်းလွင်ထက်ပါမယ်။ ပြီးတော့ ဒါရိုက်တာပွင့်သိင်္ဂံဇော်ပါမယ်။ 
သူက ဒါရိုက်တာကိုဇော်( အရုဏ်ဦး)သမီးဖြစ်ပြီး သမီးနဲ့လည်း သူငယ်ချင်းပါ။ 
          အစ်မရင်သွေးလေးလွယ်ထားရတာနဲ့ပတ်သတ်ပြီး သူမရဲ့ ခံစားချက်ကတော့ “၀မ်းသာနေတာပေါ့နော်။ မမွေးခင်ကတည်းက တွေ့ချင်နေတယ်။ အစ်မနဲ့က အိမ်ထောင်ကျသွားပြီးကတည်းက တစ်အိမ်တည်းသာအတူမနေတာ နေ့တိုင်းလိုလို တွေ့ဖြစ်ပါတယ်” လို့ပြောပြခဲ့ပါတယ်။

No comments:

Post a Comment