Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 10, 2013

လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့

လူတွေအကြောင်း သိမှတ်သင့်သော စကားလုံး တစ်ချို့(၁) လူတစ်ယောက်ဟာ အလွန်အကျွံ့ ရီမောမယ်ဆိုလျှင် သူသည် စိတ်အားငယ် တတ်တယ်။
(၂) လူတစ်ယောက်ဟာ ပုံမှန်ထက် ပိုပြီး အိပ်တတ်မယ်ဆိုလျှင် သူသည် ဝမ်းနည်းလွယ် ပါတယ်။
(၃) လူတစ်ယောက်သည် စကားနည်းမယ်ဆိုလျှင် ဒါမှမဟုတ် စကားပြောတာ မြန်မယ်ဆိုလျှင် သူသည် လျှို့ဝှက်တတ်သူ ဖြစ်ပါတယ်။
(၄) လူတစ်ယောက်သည် အတော်အတန် မငိုဘူးဆိုလျှင် သူသည် အားနည်းနေလို့ ဖြစ်ပါတယ်။
(၅) လူတစ်ယောက်သည် အစားစားရာတွင် ပုံမှန်မဟုတ်သော အပြုအမှုများနှင့် စားလျှင် သူသည် စိတ်ဖိစီးမှု တစ်စုံတစ်ရာ ရှိနေလို့ ဖြစ်ပါတယ်။
(၆) လူတစ်ယောက်သည် ဘာမဟုတ်သော ကိစ္စများမှာပင် မျက်ရည် ကျတယ်ဆိုရင် သူသည် စိတ်ထိခိုက် လွယ်သောသူ ဖြစ်ပါတယ်။
(၇) လူတစ်ယောက်သည် အသေးအမွှား ကိစ္စများမှာပင် စိတ်တိုဒေါသ ဖြစ်တယ် ဆိုရင် သူသည် ချစ်ခြင်းမေတ္တာလိုအပ် နေသောသူ ဖြစ်ပါတယ်။
ကျော်လင်းနိုင်

No comments:

Post a Comment