Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 10, 2013

ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သစ် ရွေးချယ်၊ ငြိမ်းချမ်းရေး မဆွေးနွေးဟုဆို

ပါကစ္စတန် တာလီဘန် ခေါင်းဆောင်သစ် ရွေးချယ်၊ ငြိမ်းချမ်းရေး မဆွေးနွေးဟုဆိုပါကစ္စတန် တာလီဘန်အဖွဲ့ ခေါင်းဆောင်သစ် အဖြစ် သဘောထား တင်းမာသော ဘာသာရေး ခေါင်းဆောင် မူလာနာဖတ် လူလာကို ရွေးချယ်လိုက်ပြီး အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး မဆွေးနွေးဟု စစ်သွေးကြွအဖွဲ့က ပြောကြားသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
ပါကစ္စတန် အစိုးရအဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်နေခြင်းမှာ အချိန်ကုန်ကြောင်း မူလာနာဖတ်လူလာက ပြောကြားပြီး ၎င်းသည် ဆွပ်တောင်ကြား ဒေသတွင်း စစ်သွေးကြွအုပ်စု၏ နှစ်နှစ်တာ အုပ်ချုပ်မှုကို ဦးဆောင်ခဲ့သူဟု နာမည်ဆိုးဖြင့် ကျော်ကြားသည်။
အမေရိကန် မောင်းသူမဲ့ လေယာဉ်များက ပါကစ္စတန် တာလီဘန် အဖွဲ့ခေါင်းဆောင် မတ်ဆတ်ကို ပြီးခဲ့သည့် သောကြာနေ့တွင်း သတ်ဖြတ်သွားသဖြင့် မာဆတ်နေရာကို အစားထိုးရန် သဘောထား တင်းမာသော ဖတ်လူလာကို ခေါင်းဆောင်သစ် အဖြစ် ရွေးချယ်ခဲ့သည်။ စစ်သွေးကြွအုပ်စု၏ ခြောက်နှစ်ကြာ အကြမ်းဖက် တိုက်ခိုက်မှုများ ရပ်ဆိုင်းနိုင်ရန် ပါကစ္စတန် အစိုးရအဖွဲ့က ငြိမ်းချမ်းရေး ဆွေးနွေးရန် စီစဉ်ထားသော်လည်း ခေါင်းဆောင်သစ် အဖြစ် ဖတ်လူလာကို ရွေးချယ်လိုက်သဖြင့် အစိုးရအဖွဲ့၏ အစီအစဉ် ရေစုန်မျောသွားပြီ ဖြစ်သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ခေါင်းဆောင်သစ် ဖတ်လူလာက ဆန့်ကျင်ကြောင်း ပါကစ္စတန် တာလီဘန် ပြောရေးဆိုခွင့် ရှိသူက ပြောကြားသည်။
“ငြိမ်းချမ်းရေး ဆွေးနွေးဖို့ကို စဉ်းစားစရာ မလိုပါဘူး။ ဒီအစိုးရမှာ အာဏာ မရှိပါဘူး။ အချုပ်အခြာ အာဏာပိုင် အစိုးရ မဟုတ်ပါဘူး။ အမေရိကန် ကျွန်တွေပါ။ ငြိမ်းချမ်းရေး ဆွေးနွေးလို့ အချိန်ကုန်ရုံပဲ ရှိမယ်” ဟု ၎င်းက APF သတင်းကို ပြောကြားသည်။ ပညာသင်ကြားခွင့် ရရှိရေး လှုပ်ရှား ဆောင်ရွက်နေသည့် ပါကစ္စတန် ကျောင်းသူလေး မာလာလာကို လုပ်ကြံ သတ်ဖြတ်ရန် ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ကြိုးပမ်းမှုတွင် ဖတ်လူလာ ပါဝင် ပတ်သက်နေ သည်ဟု ပါကစ္စတန် ထောက်လှမ်းရေးက ယုံကြည်ထားသည်။
ထို့အပြင် ပါကစ္စတန်နိုင်ငံတွင်း ရှရီးယားဥပဒေ ကျင့်သုံးနိုင်ရေး ကြိုးပမ်း လုပ်ဆောင်သွားမည်ဟု ဖတ်လူလာက ပြောကြားသည်။ “အဲဒီ ရည်မှန်းချက်ကို ပိတ်ပင်မယ့်သူ မှန်သမျှကို ရှင်းလင်းရမယ်။ အဖေ ဖြစ်ဖြစ် အစ်ကို ဖြစ်ဖြစ်၊ စစ်သား ဖြစ်ဖြစ် ရဲ ဖြစ်ဖြစ်၊ ခန် ဖြစ်ဖြစ်၊ မူလာ ဖြစ်ဖြစ် အားလုံးကို ရှင်းရမယ်” ဟု ၎င်းက ပြောကြားသည်။
ယင်းကဲ့သို့သော သဘောထား တင်းမာသည့် ခေါင်းဆောင်သစ် တစ်ဦးကို ရွေးချယ်လိုက်သဖြင့် ပါကစ္စတန် တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုများ ပိုမိုပေါ်ပေါက်လာမည်ဟု ပါကစ္စတန် စစ်ဘက်ရေးရာ ကျွမ်းကျင်သူ အင်တီယတ်ဂေါက ပြောကြားသည်။ စေ့စပ် ညှိနှိုင်းမှုများမှတစ်ဆင့် ငြိမ်းချမ်းရေးကို အဖြေရှာသွားမည် ဖြစ်ကြောင်း အသိတရား ကင်းမဲ့နေသော အင်အားများ စေလွှတ်ခြင်းဖြင့် သွေးထွက်သံယိုမှုများ ရပ်ဆိုင်းနိုင်မည် မဟုတ်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် နာဝပ်ရှရစ်က ပြောကြားသည်။

No comments:

Post a Comment