Miss Supranational Myanmar ဖြစ်တဲ့ ခင်ဝင့်ဝါက ပထမဆုံး သရုပ်ဆောင် အနေ
နဲ့ကောင်းပြည့်၊ ဒါရိုက်တာ ကြည်ဖြူသျှင် တို့နဲ့ ဇာတ်ကား ရိုက်ကူးနေပါတယ်။
ဝတ္ထုမင်း တခေတ်က ရေးသားပေးထားတဲ့ “နတ်သမီးနှင့် ကျွန်တော်” ဆိုတဲ့
ဇာတ်ကားမှာ ခင်ဝင့်ဝါက လိပ်ပြာနတ်သမီး တစ်ယောက်အဖြစ် သရုပ်ဆောင်နေ တာဖြစ်ပါ
တယ်။
ပထမဆုံး ဇာတ်ကားဖြစ်တဲ့ အတွက် ရင်ခုန်နေတယ်လို့ ပြောပြတဲ့
ခင်ဝင့်ဝါ ရဲ့ ဇာတ်ကား အတွက်ပြင်ဆင်မှု၊ ခံစားချက်တွေ ကို မေးကြည့်တော့
“သရုပ်ဆောင် အလုပ်အနေ နဲ့ပထမဆုံး ရိုက် တဲ့ကား လည်းဖြစ်တယ် ဆိုတော့
လေ့ကျင့်တယ်။ ပရိသတ် သဘောကျမလား ၊မကျလား ဆိုတာကို ရင်ခုန်နေတယ်။
မကြည်ဖြူ
တို့ပေးတဲ့ ဇာတ်ကိုသေချာဖတ်တယ်။ ကာတွန်း နည်းနည်း ဆန်တဲ့ ပုံစံလေးတွေ
ဆိုတော့ သေသေချာချာ လေ့ လာပါတယ်။ အကောင်းဆုံး ကြိုးစားနေ ပါတယ်။ ပရိသတ် တွေ
အားပေးမယ် လို့ မျှော်လင့်ပါတယ်။ ဒီဇာတ်ကားမှာ ကာတွန်း ပုံစံမျိုး
နတ်သမီးပုံစံ သရုပ်ဆောင်ရမှာပါ။ မကြည်ဖြူ ကလည်း ညီမနဲ့ လိုက်မယ် ထင်လို့
အကောင်းဆုံး ရွေးထားတာကို ကျေနပ်ပါတယ်။ ညီမက သရုပ်ဆောင် ကို အစိမ်းသက်သက်
ဖြစ်နေတော့ ကောင်းတာ ၊ဆိုးတာ၊ ဝေဖန် ပေး ကြပါဦး လို့ ပြော ချင်ပါတယ်။
ကိုယ်က သင်တန်းဆင်းတာ လည်း မဟုတ်ဘူး။ လုပ်မှ လုပ်နိုင်ပါ့မလားလို့
သေချာလည်း စဉ်းစားတယ်။ သရုပ်ဆောင် အလုပ်က ပင်ပန်းတယ် ဆိုပေ မယ့် ကိုယ်
ဝါသနာပါတဲ့ အလုပ်ကို လုပ်ရတဲ့ အတွက်ကိုပဲ ကျေနပ်ပါတယ်။ ပရိသတ်တွေက
ဝေဖန်ပေးမှုတွေ နဲ့ အကောင်ဆုံး ကြိုးစားသွားမှာပါ” လို့ ပြောပြပါတယ်။
ခင်ဝင့်ဝါက
“သစ္စာနှင်းဆီ” “ရွှေစင်ဦး” ထုတ်လုပ်ရေး တို့နဲ့ ဇာတ်ကား ၁ဝကားစီ၊ ကား၂ဝ
စာချုပ်ချုပ်ပြီး ဇာတ် ကားတွေ ရိုက်ကူး သွားမယ် လို့ပြောပြတာက “ညီမ
တိုက်နှစ် တိုက်နဲ့ ကား ၁ဝကားစီ စာချုပ်ချုပ် ထားပါတယ်။ မကြည်ဖြူနဲ့ လည်း
ဆက်ရိုက်ဖြစ်မှာပါ။ ညီမတို့က အလုပ် သဘောအရ စာချုပ်ချုပ် တာလောက်ပါပဲ။
ညီမတောင်း ဆိုတာလည်း သူတို့က လိုက်လျောတယ်။ ကားတွေကို ဆက်တိုက်
ရိုက်သွားမှာပါ။ စာချုပ်ချုပ် ထားတာတွေက လည်း ဇာတ်တွေကို ညီမ ကြိုက်တဲ့
ဇာတ် ရှိရင် ညှိပြီး ရိုက် ပေးမယ်။ သူတို့ဘက်ကလည်း စဉ်းစားမယ်။
အားလုံးအကြိုက် ညှိပြီး ရိုက်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
Popular Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 1, 2013
ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ
ထုတ်လုပ်ရေး၂ခု နဲ့ ဇာတ်ကား ရိုက်ဖို့ စာချုပ် ချုပ်လိုက်တဲ့ ခင်ဝင့်ဝါ
Reviewed by VC
on
November 01, 2013
Rating: 5
Reviewed by VC
on
November 01, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment