Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 14, 2013

အာရုံတွေများပေမယ့် အချစ်ကို အာရုံခံစားဖို့ အင်တာနာပါမလာဘူး (တင်မိုးလွင်)


မမိုးမှာ ပြောပြစရာအချစ်ဦး အကြောင်းကိုမရှိတာပါ။ အရမ်း ပြောပြချင်တာပါ။ ဟိုအရင်ကတော့ ရည်းစားအကြောင်းပြောမယ်။ အိမ် ထောင်ရေး အကြောင်းပြောမယ်ဆို အနုပညာရှင်တွေအနေနဲ့ လာဘ် တိတ်တယ်တို့၊ ပရိသတ်မကြိုက်မှာ စိုးလို့ပြောကြတယ်။ အခုအချိန်မှာ က ပြောနိုင်ရင်တောင် ပေါ်ပြူလာ ဖြစ်သလိုပဲ။ မမိုးက စစ်မှန်တာကိုပဲ ကြိုက်တဲ့သူပါ။ အချစ်ကိစ္စနဲ့ ပတ် သက်ပြီး ရှိခဲ့ရင်လည်း ပြောပြဖို့ ၀န် မလေးတဲ့သူပါ။ ဒါပေမဲ့ တကယ်ကို တစ်ဖက်သူက စာပေးရင်လည်း Yes လို့လည်း မပြောခဲ့သလို ဖုန်းနဲ့ လှမ်းအဖြေတောင်းရင်လည်း OK လို့လည်း မပြောခဲ့ဖူးဘူး။ တစ်ခါမှ လည်း ချိန်းပြီး အပြင်မှာတွေ့တာ လည်းမလုပ်ဖူးဘူး။ တော်တော် တော့ ထူးဆန်းတယ်။ သူများတွေ က မမိုးကို ယောက်ျားလျာလို့ လည်းထင်တယ်။ ဒါပေမဲ့ မမိုးစိတ် မမိုးသိပါတယ်။ မမိုးစိတ်က အမျိုး သမီးချင်းစိတ်ဝင်စားနေတဲ့ သူလည်း မဟုတ်ပါဘူး။ လုပ်ငန်းထဲမှာ မတွေ့ ဘူးလားဆိုတော့လည်း မမိုးကိုစိတ် ၀င်စားတဲ့ သူတွေကို မော်ဒယ်တွေရဲ့ မိခင်တွေက ပြောကြတယ်။ မမိုးက တော့ တကယ်မသိ။ မမိုးမှာ အာ ရုံတွေများပေမယ့် အချစ်ကို အာရုံ ခံစားဖို့ အင်တာနာက ပါမလာဘူး။ မမိုးကိုလည်း ချဉ်းကပ်တဲ့သူတွေကို လည်း လေးစားတယ်။ အားနာ တာကြောင့် ကိုယ့်ရဲ့ စိတ်အခြေ အနေကို ပွင့်ပွင့်လင်းလင်း ပြောပြ ပါတယ်။ ကိုယ့်ရဲ့ ဘ၀ကို ရှင်းရှင်း လင်းလင်း ကိုယ့်ရဲ့ အယူအဆကို ရှင်းရှင်းလင်း လင်းပြောပြပါတယ်။

8 DAYS A WEEK ENTERTAINMENT

No comments:

Post a Comment