Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 7, 2013

အမေရိကန်၏ လူကြိုက် အများဆုံး တေးသီချင်း စာရင်းတွင် လော်ဒီ၏ Royals တေးသီချင်း ထိပ်ဆုံးမှ ရပ်တည်


အမေရိကန် နိုင်ငံ၏ လူကြိုက် အများဆုံး တေးသီချင်း စာရင်းတွင် ကမ္ဘာကျော် အဆိုတော် လော်ဒီ၏ Royals တေးသီချင်းသည် နံပါတ်တစ် နေရာ၌ ရပ်တည် လျက်ရှိကြောင်း သိရ သည်။

လော်ဒီ၏ Royals တေးသီချင်း၏ နောက်တွင် ကေတီပယ်ရီ၏ Roar တေးသီချင်းသည် ဒုတိယရောင်းအား အကောင်းဆုံး တေးသီချင်း ဖြစ်ပြီး မိုင်လီဆိုင်းရပ်စ်၏ Wrecking Ball တေးသီချင်းသည် အဆိုပါ စာရင်း၌ နံပါတ် သုံးနေရာ၊ ဒရိတ်ခ်၏ old On We're Going Home က နံပါတ်လေးနေရာ၊ အေဗစ်စီ၏ Wake Me Up! တေးသီချင်းက နံပါတ်ငါး နေရာ တွင် ရပ်တည် လျက်ရှိသည်။ အဆိုတော် ဂျေဇီး သီဆိုထားပြီး featuring အဖြစ် ဂျက်စတင်တင်းဘားလိတ်ခ် အားဖြည့်ထားသော Holy Grail တေးသီချင်းက နံပါတ်ခြောက် နေရာတွင် ရပ်တည်လျက်ရှိနေပြီး ဂိုဘင်သစ်ကီသီဆိုထားသော Blurred lines တေးသီချင်းက နံပါတ် ခုနစ် နေရာတွင် တည်ရှိကာ Ylvis ၏ The Fox တေးသီချင်းက နံပါတ်ရှစ် နေရာတွင် တည်ရှိသည်။ ကမ္ဘာကျော်အဆိုတော် လေဒီဂါဂါ၏ Applause တေးသီချင်းက နံပါတ်ကိုး နေရာတွင် ရောက်ရှိနေပြီး လာနာဒယ်လ်ဘွိုင်းနှင့် စီဒရစ်ဂါဗာစ်၏ Summertimes Sadness သီချင်းက ၄င်းစာရင်း၌ နံပါတ် ၁ဝ နေရာတွင် ရပ်တည် လျက်ရှိကြောင်း သိရသည်။

မြ၀တီ
Published on Jun 18, 2013
Itunes http://smarturl.it/LordeLoveClubEP
Amazon http://smarturl.it/LordeLoveClubEPAMZ
Google Play http://goo.gl/5bnGS

Music video by Lorde performing Royals. (C) 2013 Universal Music NZ Ltd.

No comments:

Post a Comment