Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

အချမ်းသာဆုံးစာရင်းတွင် One Direction ညအဖွဲ့ထိပ်ဆုံးမှရပ်တည်


Wednesday, October 23, 2013

ဗြိတိန်နိုင်ငံအတွင်းရှိ အသက် ၃၀ အောက် အချမ်းသာဆုံးသူများစာရင်းတွင် One Direction အဖွဲ့မှာ ထိပ်ဆုံးမှာ ရပ်တည်လျက်ရှိသည်။ ၎င်းအဖွဲ့သည် စုစုပေါင်းပိုင် ဆိုင်မှုပေါင်း စတာလင်ပေါင် သန်း ၆၀ ဖြင့်ထိပ်ဆုံးမှ ယခုလိုရပ်တည်နေခြင်းဖြစ်ကြောင်း စစ်တမ်းများအရ Daily Mail သတင်းစာက ထုတ်ပြန် ခဲ့သည်။

One Direction အဖွဲ့အနေဖြင့် Heat မဂ္ဂဇင်းမှဖော်ပြခဲ့သည့် ယမန်နှစ်၏ အသက် ၃၀ အောက်အချမ်း သာသူစာရင်းတွင် ထိပ်ဆုံးမှရပ်တည်ခဲ့သည့် ဒင်နီရယ်ရက်ကလစ်ဖ်ကို ကျော်လွန်ကာထိပ်ဆုံးမှ ရပ် တည်ခဲ့ခြင်းဖြစ်သည်ဟု ယူကေနေ့စဉ်သတင်းစာ Daily Mail ကဖော်ပြထားသည်။

အဆိုပါစာရင်းတွင်ပါဝင်သည့် အများစုမှတစ်ဦးချင်းစီ၏ ပိုင်ဆိုင်မှုများဖြစ်ကြသော်လည်း One Direction အဖွဲ့တစ်ဖွဲ့လုံးအနေဖြင့် ထည့်သွင်းခဲ့ခြင်းမှာ ၎င်းတို့သည်ဝင်ငွေရရှိရေးအတွက် တစ်ဦးတစ်ယောက်ချင်း စီ အလုပ်လုပ်ခြင်းထက် အဖွဲ့လိုက်လှုပ်ရှားခြင်းကြောင့်ဖြစ်သည်ဟု ဖော်ပြပါရှိသည်။

“One Direction အဖွဲ့ဝင်တွေက ငယ်ကြတယ်၊ တော်တယ်။ ရုပ်ရည်လည်း ချောမောပြီး စမတ်ကျကြ တယ်။ ပြီးတော့ ပရိသတ်သန်းပေါင်းများစွာရဲ့ ချစ်ခင်မှုကိုလည်း ရရှိနေပါတယ်”ဟု Heat မဂ္ဂဇင်း၏ အယ်ဒီတာချုပ် လူစီကေ့ဗ်က ပြောကြားလိုက်သည်။

One Direction အဖွဲ့၏ ၀င်ငွေများမှာ ရုပ်ရှင်များ၊ တေးစီးရီးရောင်းရငွေများနှင့် ရုပ်သံရှိုးပွဲများမှ ရရှိခြင်း ဖြစ်သည်။

DJ ကယ်ဗင်မှာ ယင်းစာရင်းတွင် အသစ်ဝင်ရောက်လာသည့် ၀င်ငွေအများဆုံးသူဖြစ်ပြီး စတာလင်ပေါင် ၂၂ ဒသမ ၂ သန်းဖြင့် အဆင့်(၈)နေရာတွင် ရပ်တည်လျက်ရှိသည်။ ပေါ်လိုနုတီနီ၊ ဂျက်မီဘော၊ နာတာ ရှာဘီတင်ဖီးဒ်နှင့် စီနာမေလာတို့မှာမူ ယခုနှစ်စာရင်းတွင်ပါဝင်နေသေးသော်လည်း ယမန်နှစ်တွင် ရရှိခဲ့ သည့်အဆင့်များထက် နိမ့်ကျခဲ့ရသည်။ ဒင်နီရယ်မှာမူ ၂၀၁၀ ခုနှစ်မှစတင်ကာ အဆင့်(၁)၌ ရပ်တည်နိုင် ခဲ့သော်လည်း ယခုနှစ်တွင်မူပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးစာရင်းမှ ဆင်းပေးခဲ့ရသည်။

Mizzima - News in Burmese

No comments:

Post a Comment