Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 23, 2013

၂၀၁၃ မယ်စင်္ကြာဝဠာပြိုင်ပွဲနဲ့ ကြားရတဲ့သတင်းဂယက်များ

နုတ်ထွက်သွားတဲ့အယ်လေးနီးယားအလှမယ်
၂၀၁၁ နဲ့ ၂၀၁၂ မယ်စင်္ကြာဝဠာပြိုင်ပွဲတွေမှာပါဝင်တင်ဆက်ခဲ့သူတစ်ဦးဖြစ်တဲ့ အန်ဒီကိုဟန်ဟာ ဒီနှစ်ပွဲကိုတက်ရောက်မှာမဟုတ်ပါဘူး။ သူက ရုရှားမှာ လောလောလတ်လတ် ထုတ်ပြန်လိုက်တဲ့ လိင်တူဆက်ဆံရေးနဲ့ ပတ်သက်တဲ့ဥပဒေကို ဆန္ဒပြတဲ့အနေနဲ့ ဒီပွဲ ကိုမတက်ရောက်ခြင်းဖြစ် ပါတယ်။လိင်တူချစ်သူတစ်ယောက်အနေနဲ့ ရုရှားမှာ ထုတ်ပြန်ထားတဲ့ခွဲခြားဆက်ဆံတဲ့ဥပဒေဟာ လုံခြုံမှု မရှိဘူးလို့ သူခံစားရတဲ့အတွက်မတက်ရောက်နိုင်ဘူးလို့ ဆိုပါတယ်။
နောက်ထပ်နုတ်ထွက်သွားသူတစ်ဦးကတော့အယ်ဘေးနီးယားအလှမယ်ဖြစ်ပါတယ်။ ရုရှားက ကိုဆိုဘိုကိုလွတ်လပ်တဲ့ နိုင်ငံအဖြစ်အသိအမှတ်မပြုတဲ့အတွက် ကိုဆိုဘိုအလှမယ်  မာရ်ဂျက်တာဟာ ဒီနှစ်ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခွင့်မရပါဘူး။မနှစ်ကဆိုရင် ကိုဆိုဘိုက ၀င်ရောက်ယှဉ်ပြိုင်တဲ့ အလှမယ် ဒိုင်ယာနာဟာ ထိပ်ဆုံး ၁၆ ယောက်စာရင်းဝင်ဖြစ်ခဲ့ပါတယ်။(ဒီနှစ်အလှမယ်ကလည်းလှပါတယ်။ ခုလိုရုရှားကယှဉ်ပြိုင်ခွင့်မပေးပဲပိတ်ပင်လိုက်တာကို သူတို့ ကတော့ အလှအပကိုဖြုန်းတီးပစ်တယ်-wast the beauty လို့ ဆိုပါတယ်)
ကိုဆိုဘိုနဲ့ အယ်ဘေးနီးယားနှစ်နိုင်ငံကြားမှာ အရမ်းနီး ကပ်တဲ့ဆက်ဆံရေးရှိတာကြောင့်ကိုဆိုဘို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်လိုက် တဲ့ အတွက် အယ်ဘေးနီးယားအလှမယ် ကလည်း မယ်စကြ်ာဝဠာပြိုင် ပွဲ ကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံအနေနဲ့  မယ်စကြ်ာဝဠာပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပတာ ဒီအကြိမ်ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
the melting pot 4 U

ရုရှားကပိတ်ပင်ခြင်းခံရတဲ့ ကိုဆိုဘိုအလှမယ်
Source

No comments:

Post a Comment