Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 31, 2013

ဘာကြောင့် လူငယ်တွေအနေနဲ့ Linkedin ကို သုံးသင့်သလဲ ?


Thursday, October 31, 2013

အသက်ကန့်သတ်မှု အနိမ့်ဆုံး ၁၄ နှစ်အထက်မှ Register လုပ်ပြီး အသုံးပြုလို့ ရမည့် Linkedin ဟာ အခုအခါ Feature အသစ် ထုတ်လုပ်လိုက်ပါပြီ။ စက်တင်လာလအတွင်းက အသစ်ဖန်တီးလိုက်တဲ့ Feature ဖြစ်တဲ့ University Page ဟာ လူငယ်တွေအတွက် အဓိက အကျိုးရှိစေမှာဖြစ်ပါတယ်။

တက္ကသိုလ်တွေဟာ သူတို့ ကိုယ်ပိုင် စာမျက်နှာတွေကို တည်ဆောက်ကြပြီး ကျောင်းရဲ့ အချက်အလက်၊ ကျောင်းရဲ့ ပုံစံ နဲ့ ကျောင်းရဲ့ အရေးကြီး ပွဲတော်များ ဖြစ်ရပ်များကို ဓါတ်ပုံ slideshow များ video များ နဲ့ ဝေေ၀ဆာဆာတင်ဆက်ကြပါတယ်။ ခန့်မှန်းခြေအရ နိုင်ငံတကာမှ တက္ကသိုလ် ၁၀၀၀ ကျော်ဟာ ကိုယ်ပိုင်စာမျက်နှာတွေကို တည်ဆောက်ခဲ့ကြပြီးဖြစ်ကာ အပတ်စဉ် တက္ကသိုလ်သစ် ၂၀၀ ၀န်းကျင် ထပ်တိုးနေပါတယ်။

University Page တွေဟာ ကျောင်းသား တွေနဲ့ မကြာသေးမီက ဘွဲ့ရတဲ့ ကျောင်းသားတွေအတွက် သူတို့ ကျောင်းရဲ့ ကျောင်းသားဟောင်းတွေကို ချိတ်ဆက်ပေးနိုင်မှာဖြစ်ပြီး ကျောင်းသားတွေ ဘာအလုပ်လုပ်တယ်၊ ဘယ်မှာနေတယ်၊ ဘယ်မေဂျာကလည်း၊ ဘယ်လိုအရည်အချင်းရှိသလဲ အစရှိတဲ့ အကြောင်းအရာတွေကို လေ့လာနိုင်တော့မှာဖြစ်ပါတယ်။ ဒီအချက်ကလည်း သူတို့အတွက် LinkedIn ကို ချိတ်ဆက်ရတဲ့ အဓိကအကြောင်းအရင်း ဖြစ်လာပါလိမ့်မယ်လို့ LinkedIn ရဲ့ ဖက်စပ်ဆက်သွယ်ရေးမန်နေဂျာ Crystal Braswell က ပြောကြားသွားခဲ့ပါတယ်။ ကျောင်းသားတွေဟာလည်း ဒီအချက်အလက်တွေကို အသုံးပြုပြီး သူတို့ဘ၀သက်မွေးဝမ်းကျောင်းအတွက် အခွင့်အလမ်းတစ်ခု ရရှိသွားနိုင်ပါတယ်။

LinkedIn အနေနဲ့ မလိုလားအပ်တဲ့ ဆက်သွယ်မှုတွေ သတင်းအချက်အလက်ပေါက်ကြားမှုတွေ မရှိအောင်လည်း privacy setting များကို သေချာ ပြုလုပ်ထားပါတယ်လို့ ဆိုထားပါတယ်။ အလုပ်အကိုင်အခွင့်အလမ်း နဲ့ ပက်သက်ပြီး နာမည်ကြီးတဲ့ LinkedIn ဟာ ယခု ဆိုရင် ကမ္ဘာတစ်ဝန်းက တက္ကသိုလ်တွေနဲ့ ပူးပေါင်းပြီး လူမှုဆက်သွယ်ရေးခေတ်တစ်ခေတ်ကို ထူထောင်ဖို့ စတင်ကြိုးစားနေပါပြီ။

ခေတ်နောက်မကျတဲ့ လူငယ်တစ်ယောက် အနေနဲ့ LinkedIn ကို Join ဖို့ စိတ်ဝင်စားတယ်မလား ?

http://www.linkedin.com/

ဝင်းကို ( MM Social Sky)

No comments:

Post a Comment