Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 30, 2013

လိုင်ဇာ တိုင်းရင်းသားအစည်းအဝေး သမ္မတာသဝဏ်လွှာပေးပို့

                             
                                 ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်
                                             နိုင်ငံတော်သမ္မတရုံး
                                                     သမ္မတရုံးနိုင်ငံတော်သမ္မတကတိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏

                          လိုင်ဇာအစည်းအဝေးသို့ ပေးပို့သည့် သဝဏ်လွှာ
                      ၂၀၁၃ ခုနှစ်၊  အောက်တိုဘာလ    ၂၉    ရက်
လိုင်ဇာအစည်းအဝေးသို့ တက်ရောက်လာသော တိုင်းရင်းသားညီနောင်များအား ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ခွန်းဆက်သ အပ်ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း ထာဝရတည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ရည်မှန်းချက် ဖြင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ ကချင်ပြည်နယ် လိုင်ဇာတွင် အစည်းအဝေးကျင်းပ နေသည်ကို သိရှိရပါသည်။အဆိုပါအစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များနှင့် ရှေ့တွင်ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်နိုင်ရေး အတွက် နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်း သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင် ချမှတ်နိုင်ရန်နှင့် နိုင်ငံရေးဆွေးနွေးမှုဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရန်တို့အတွက် အထောက်အကူ ဖြစ်စေမည်ဟု ယုံကြည် ပါသည်။ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တို့အတွက် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား အားလုံးက စည်းလုံးညီညွတ်စွာဖြင့် လက်တွဲဆောင်ရွက် မှသာ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်းနှင့် အစည်းအဝေး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်း၍ သဝဏ်လွှာ ပေးပို့လိုက်ပါသည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ

No comments:

Post a Comment