Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 23, 2013

မထသ(ဗပာို) လက်အောက်ရှိ ယာဉ်များ ယာဉ်တိုက်မှု တစ်နေ့တစ်မှုဖြစ်

ယုဝေ

မထသ(ဗဟို)လက်အောက်ရှိ ယာဉ်များ ယာဉ်မတော်တဆမှု တစ်နေ့တစ်မှုဖြစ်နေပြီး အောက်တိုဘာလ ၀က်ထဲတွင်ပင် ၁၄ မှု ဖြစ်ပွားခဲ့သည်ပာု ရန်ကုန်တိုင်းဒေသကြီး မော်aတ်ာယာဉ်လုပ်ငန်းပေါင်းစုံ ထိန်း သိမ်းရေးကြီးကြပ်မှုဗပာို (မထသ ဗဟို)၏ အောက်တိုဘာလ ၂၃ ရက်တွင် ပြုလုပ်သည့် ပုံမှန်အစည်း အဝေးမှ သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှု ၁၄ ခုအနက် ယာဉ်တိမ်းမှောက်မှု ၄ မှု၊ ယာဉ်တိုက်မှု ၁၀ မှု ဖြစ်ပွားခဲ့သည်။ ယာဉ်တိမ်းမှောက်မှုများကြောင့် လမ်း လျှောက်နေသူတစ်ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရသည်။

ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများအနက် ၁၅ မှုအနက် စည်ပင်သာယာ နယ်နိမိတ်အတွင်း ၁၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅ ဦးနှင့် ထိခိုက်ဒဏ်ရာရသူ ၄၃ ဦးရှိခဲ့သည်။

၂၀၁၂ ခုနှစ် စက်တင်ဘာတွင် မ.ထ.သ(ဗဟို) လက်အောက်ရှိ ယာဉ်လိုင်းများတွင် ယာဉ်မတော်တဆမှု ၂၃ မှုဖြစ်ပွားခဲ့ပြီး ယာဉ်တိုက်မှု၂၀ နှင့် ယာဉ်မှောက်မှု ၃ မှု ဖြစ်ပွားခဲ့ကာ သေဆုံးသူ ခုနစ်ဦးရှိခဲ့ပြီး ဒဏ် ရာရရှိသူ ၆၀ ဦး ရှိခဲ့သည်။

မထသ(ဗဟို)အနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး အထောက်အကူပြုရန်နှင့် ယာဉ်လုပ်သားများ၏ အရည်အသွေး တိုးတက်မြင့်မားလာရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်ကာ ပညာပေးဆောင်ရွက်မှု များ ပြုလုပ်လျက်ရှိသည်။

မထသ(ဗဟို)စီမံမှုအောက်တွင် ယာဉ်လိုင်း ၁၁ လိုင်းရှိခဲ့ပြီး ယာဉ်လိုင်းအဖွဲ့အစည်း အသီးသီးတွင် လုပ် သက်နှစ်နှစ်မပြည့်သေးသည့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအတွက် ဖွင့်လှစ်သည့် အခြေခံသင် တန်း တက်ရောက်ပြီးသူ ၂,၆၁၅ ဦးရှိပြီး လုပ်သက် နှစ်နှစ်ကျော်သူများအတွက် ဖွင့်လှစ်သည့် မွမ်းမံသင် တန်းတက်ရောက်သူမှာ ၂,၄၅၂ ဦးရှိကြောင်း မထသ(ဗဟို)၏ စာရင်းဇယားများအရ သိရှိရသည်။

No comments:

Post a Comment