Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 23, 2013

အထ္တုပ္ပတ္တိစာအုပ်သစ်မှာ ဘက်ခမ်း၊ ရွိုင်ကိန်းတို့ကို ဖာဂူဆန် အပြစ်တင်ခဲ့

မန်ယူနည်းပြဟောင်း ဖာဂူဆန်၏
နောက်ဆုံးထွက် အထ္တုပတ္တိစာအုပ်တွင် ဘက်ခမ်း၊ ရွိုင်ကိန်း၊ ရွန်နီတို့နှင့် ပတ်သက်သည့်
အကြောင်းအရာများ ပါဝင်လာခဲ့ကြောင်း သိရသည်။ ဘက်ခမ်းနှင့် ဖာဂူဆန်တို့မှာ (၂၀၀၃)ခုနှစ်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သည့် အက်ဖ်အေဖလားပွဲစဉ် အပြီး အ၀တ်လဲခန်းအတွင်း၌ ပြဿနာဖြစ်ပွားခဲ့ပြီး ယင်းအဖြစ်အပျက်ကြောင့် ဘက်ခမ်းမှာ ရီးရဲလ်သို့ ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။
ဖာဂူဆန်က ဘက်ခမ်းမှာ သူ့ကိုယ်သူ နည်းပြထက် ပိုအရေးကြီးနေသူဟု အထင်ကြီးနေသူဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး
အောင်မြင်ကျော်ကြားလိုသည့် ၎င်း၏ ဘ၀နေထိုင်မှုပုံစံအား နှစ်သက်ခြင်းမရှိကြောင်း ဖွင့်ဟခဲ့သည်။ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီး အ၀တ်လဲခန်းအတွင်း ပြဿနာနှင့် ပတ်သက်၍ ဖာဂူဆန်က “အဲဒီတုန်းက ဘက်ခမ်းက ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေ ပြောခဲ့ပြီး သူတို့ ကျွန်တော်က ၁၂ပေလောက် အကွာမှာ ရှိနေတာပါ။ ကျွန်တော် သူ့ဆီလျှောက်သွားခဲ့ပြီး ကြမ်းပြင်ပေါ်က ဖိနပ်တစ်ဖက်ကို ကန်လိုက်ရာမှာ သူ့မျက်ခုံးကို သွားထိခဲ့တာပါ။ ဒီအချိန်မှာ ဘက်ခမ်းက ကျွန်တော့်ဆီ ပြေးလာလို့ ကစားသမားတွေ ၀ိုင်းဆွဲထားခဲ့ရပါတယ်။ သူ့ကို ထိုင်နေစမ်းလို့ ကျွန်တော် ပြောလိုက်ပါတယ်။ မင်းဘယ်လောက် ငြင်းငြင်း၊ မင်းကြောင့် အသင်းရှုံးခဲ့ရတာလို့ ကျွန်တော် ထပ်ပြောခဲ့ပါတယ်”
“အဲဒီနောက်မှာ ဘက်ခမ်းကို ကျွန်တော် အာဆင်နယ်ပွဲက ဗီဒီယိုခွေ ပြခဲ့ပြီး သူ့အမှားတွေကို ထောက်ပြခဲ့ပေမယ့် သူကတော့ သူ့အမှားသူ ၀န်မခံခဲ့ပါဘူး။ ကျွန်တော် နည်းပြခဲ့တဲ့ ကစားသမားတွေထဲမှာ ဘက်ခမ်းက တော်တော်ကျော်ကြားချင်တဲ့ ကစားသမားဖြစ်ပြီး သူ့ရဲ့လူနေမှုပုံစံကိုလည်း ကျွန်တော် မနှစ်သက်ပါဘူး။ သူက သူ့ကိုယ်သူ နည်းပြထက် အရေးကြီးနေတယ်လို့ ကျွန်တော်တို့ သူနဲ့ လမ်းခွဲလိုက်တာပါ”ဟု ဖာဂူဆန်က ပြောထားသည်။ ထို့အပြင် ဖာဂူဆန်က ရွိုင်ကိန်းမှာလည်း ရိုင်းစိုင်းလွန်းသူတစ်ဦးဖြစ်ကြောင်း ဝေဖန်ခဲ့ပြီး ရွန်နီမှာမူ ၂၀၁၀ခုနှစ် အပြောင်းအရွှေ့ကာလတွင် အိုဇဲလ်ကို ခေါ်ယူရန် တောင်းဆိုခဲ့ဖူးကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

zaw zaw tun

No comments:

Post a Comment