Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

လူနာက ဆရာဝန်ကို သတ်ဖြတ်ခဲ့သဖြင့် တရုတ်ကျန်းမာရေးဝန်ထမ်းများ ဆန္ဒပြ


Wednesday, October 30, 2013

တရုတ်နိုင်ငံရှိ ဆေးရုံတစ်ရုံ မှ ကျန်းမာရေးဝန်ထမ်းများသည် လွန်ခဲ့သော တနင်္လာနေ့တွင် လူနာ တစ်ဦးက ဆရာဝန်သုံးဦးကို တိုက် ခိုက်ခဲ့ခြင်းအပေါ် မကျေနပ်ကြ၍ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဆရာဝန်တစ်ဦးသေဆုံးခဲ့ပြီး နှစ် ဦးမှာ ပြင်းထန် ဒဏ်ရာရရှိခဲ့သည် ဟု သိရသည်။ လီယန်အန်ကွမ် အမည်ရှိ အသက်၃၃နှစ် အရွယ် လူနာတစ်ဦးသည် အသေးစား နှာခေါင်းခွဲစိတ်ကုသမှု ခံယူခဲ့ပြီး နောက် ရရှိလာသောရလဒ်ကို မကျေမ နပ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

၎င်းလူနာသည် ဆရာဝန် တစ်ဦးကို နား၊ နှာခေါင်းနှင့် လည် မျိုတို့ကို ဓားဖြင့် ထိုးသတ်ခဲ့ပြီး အခြားဆရာဝန်နှစ်ဦးမှာလည်း ၎င်းလူနာ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်း အထန်ရရှိခဲ့သည် ဟု သိရသည်။ Zhejiang ပြည် နယ် ဝမ်လင်ဆေးရုံရှိ ဆရာဝန် များနှင့် သူနာပြုဆရာမများသည် အဖြူကုတ်နှင့် အပြာရောင်ခွဲစိတ် မျက်နှာဖုံးများကို ဝတ်ဆင်ဆန္ဒ ပြခဲ့ကြသည်။

Yangon Media Group

No comments:

Post a Comment