Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

ဘိန်းဖြူ ဘလောက်တုံးများ ဖမ်းဆီးရမိ


နေပြည်တော် အောက်တိုဘာ ၂၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက် မယ်ဆိုင်ချောင်းဘေးရှိ မေဖလားဝါးကွင်း ရေဆိပ်အနီး၌ အောက်တိုဘာ ၂၁ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် တာချီ လိတ်

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များက သတင်းအရ စောင့်ဆိုင်းနေစဉ် မောင်တာအေ့ ၂၂ နှစ် (ဘ) ဦးဂေါင်းမူးသည် ဟွန်ဒါ-၁၂၅ အပြာရောင် ဆိုင်ကယ်ဖြင့် ရောက် ရှိလာပြီး ဆိုင်ကယ်ပေါ်မှ ဆာလာအိတ်များအား ချုံစပ်သို့ ချချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များက ဝိုင်းဝန်း ဖမ်းဆီးခဲ့ရာ ဆိုင်ကယ်ပေါ် နှင့် ချုံစပ်အတွင်းမှ ဘိန်းဖြူဘလောက်တုံး တစ်တုံးလျှင် ၃၃၃ ဒသမ ၃၃ ဂရမ်ခန့်စီပါ ၄ဝဝ တုံး၊ စုစု ပေါင်း ၁၃၃ ဒသမ ၃၃ ကီလိုဂရမ် ပါ ဆာလာအိတ် လေးအိတ်၊ တန်ဖိုး ၁၉၉၉၉ ဒသမ ၅ သိန်းခန့်အား သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိ တရားခံအား ဥပဒေ အရ အရေးယူ ဆောင်ရွက် လျက်ရှိ ကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

No comments:

Post a Comment