Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 22, 2013

ထူးထူးဆန်းဆန်း လက်ထပ်ခွင့် တောင်းခဲ့သည့် ဘောလုံးနည်းပြ


ဖာဘရီစီယို အနေဖြင့် ရုတ်တရက် ဒဏ်ရာရသွားသည့်ဟန် မြေပြင်ပေါ်တွင် အော်ဟစ် ညည်းညူနေရာ ၎င်း၏ ချစ်သူရော၊ ဆေးအဖွဲ့များပါ စိုးရိမ်တကြီးဖြင့် ၎င်းထံ အပြေးရောက်ရှိသွားခဲ့

အမေရိကန် နိုင်ငံမှ ဘောလုံး နည်းပြ တစ်ဦးသည် ချစ်သူကို လက်ထပ်ခွင့် တောင်းရန်အတွက် ထူးထူးဆန်းဆန်း အစီအစဉ် တစ်ခုကို ပြုလုပ်ခဲ့သည်။ ကယ်လီဖိုးနီးယားမှ ဖာဘရီစီယို နာဇာရီသည် ဖရက်စ်နို ပစိဖိတ် တက္ကသိုလ် အမျိုးသမီး ဘောလုံးအသင်းအတွက် နည်းပြအဖြစ် တာဝန်ယူထားသူ ဖြစ်သည်။ ထိုအသင်းတွင် ဖာဘရီစီယို၏ ချစ်သူဖြစ်သော ဆာရာဗီဂါလည်း ပါဝင် ကစားလျှက် ရှိသည်။ ဖာဘရီစီယိုသည် ချစ်သူကို ထူးထူးဆန်းဆန်း ပုံစံဖြင့် လက်ထပ်ခွင့် တောင်းခဲ့သော်လည်း ၎င်းကြောင့် ဘောလုံးအသင်း ဆေးအဖွဲ့မှ တာဝန်ရှိသူများ အလုပ်ရှုပ်ခဲ့သေးသည်။ ဖာဘရီစီယို အနေဖြင့် ရုတ်တရက် ဒဏ်ရာရသွားသည့်ဟန် မြေပြင်ပေါ်တွင် အော်ဟစ် ညည်းညူနေရာ ၎င်း၏ ချစ်သူရော၊ ဆေးအဖွဲ့များပါ စိုးရိမ်တကြီးဖြင့် ၎င်းထံ အပြေးရောက်ရှိသွားခဲ့သည်။

ထို့နောက် ဆာရာက အနီးအနား ရောက်လာမှ ဖာဘရီစီယိုက လဲနေရာမှထကာ ဒူးထောက်ပြီး လက်စွပ်ဘူးလေးအား ထုတ်ယူကာ ခွင့်တောင်းခဲ့ခြင်း ဖြစ်သည်။ အံ့ဩ ဝမ်းသာသွားသည့် ဆာရာသည် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ခဲ့ပြီးနောက် ဘောလုံး လေ့ကျင့်ရေးကွင်းထဲမှ မိတ်ဆွေ အပေါင်းအသင်းများက ဝိုင်းဝန်း ဩဘာပေးခဲ့ကြသည်။ ဆာရာ၏ သူငယ်ချင်း အမျိုးသမီး ဘောလုံးသမားများက ကြည်နူးစရာ မြင်ကွင်းအတွက် အဆိုပါ စုံတွဲကို အော်ဟစ် ကောင်းချီးပေးခဲ့ကြသည်။

အဆိုပါ ဖြစ်စဉ်ကို ရိုက်ကူးထားသည့် အပျော်တမ်း ဗီဒီယို ဖြတ်ပိုင်းလေးအား ယခုလဆန်းက You Tubeတွင် လွှင့်တင်ခဲ့ပြီး "ဘောလုံး နိဗ္ဗာန်ဘုံမှာ အချစ်တစ်ခု ဖန်ဆင်းခြင်း"ဟု ကဗျာဆန်ဆန် ခေါင်းစဉ်တပ်ထားခဲ့သည်။ ထိုလက်ထပ်ခွင့်ပန်မှု အပြီးတွင် ဖာဘရီစီယိုရော၊ ဆာရာတို့ပါ Facebookပေါ်၌ စေ့စပ်ပြီးဖြစ်ကြောင်း ပြောင်းလဲ ရေးသားခဲ့ကြသလို ဆာရာက သူမ၏ တောက်ပသော စေ့စပ် လက်စွပ်လေးကို ဂုဏ်ယူစွာ ပြသနေသည့် ဓာတ်ပုံကိုလည်း လွှင့်တင်ခဲ့သည်။ ဖာဘရီစီယိုက အဆိုပါ အစီအစဉ်ကို အလွန်နည်းပါးသည့် မိတ်ဆွေအချို့သာ ကြိုတင် သိရှိထားကြောင်း ဆိုသည်။

အစောပိုင်းက ဖာဘရီစီယို ခြေထောက် ဒဏ်ရာ ရသွားသည်ကို အစစ်အမှန်ထင်သောကြောင့် ၎င်းကို ဓာတ်ပုံရိုက်နေသူ တစ်ဦးအား အမျိုးသမီး ဘောလုံးသမား တစ်ဦးကပင် ဒေါသတကြီး ကန့်ကွက် ရန်တွေ့ခဲ့သေးသည်။ ယင်းမှတ်တမ်း ဗီဒီယိုကို ကြည့်ရှုသူ အများစုက ဖာဘရီစီယို၏ စိတ်ကူးသည် ချစ်စရာကောင်းပြီး ဖန်တီးမှုစွမ်းရည် ပြည့်ဝကြောင်း ချီးကျူးခဲ့ကြပြီး အချို့ကမူ ဆေးအဖွဲ့ကို ကြိုတင် အသိပေးသင့်ကြောင်း မှတ်ချက်ပြုခဲ့ကြသည်။

From:Planet Myanmar NetworkSource

No comments:

Post a Comment