Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

သရုပ်ဆောင် လွင်မိုးပိုင်ဆိုင်တဲ့ “၀”မင်းကုမ္ပဏီက သတ်္တုသန့်စင်စက်ရုံ တည်ဆောက်မယ့်ကိစ်္စကို ဒေသခံများက ၀ိုင်းဝန်းကန့်ကွက်ကြ


သရုပ်ဆောင် လွင်မိုးပိုင်ဆိုင်တဲ့ “၀”မင်းကုမ္ပဏီကသတ္တုသန့်စင်စက်ရုံ တည်ဆောက် မယ့်ကိစ္စကို
ဒေသခံများက ၀ိုင်းဝန်းကန့်ကွက်ကြပြီးပွင့်လင်းမြင်သာမှုမရှိသည့် သတ္တုတူးဖော်မှုလုပ်ငန်းများအား
ရပ်ဆိုင်းပေးဖို့ တောင်းဆိုကြေညာချက်ထုတ်ပြန်


မင်းသားလွင်မိုးပိုင်တဲ့ “၀”မင်းကုမ္ပဏီရယ်၊သြစတေးလျကုမ္ပဏီရယ်ပေါင်းပြီး သတ္တု သန့်စင်စက်ရုံတည်ဖို့ ကျွန်တော်တို့ မော်ချီးဒေသကို လာပြီးလေ့လာသွားတယ်။ သူတို့လေ့လာမှုတွေကို ကျွန်တော်တို့ဒေ သ ခံတွေ အနေနဲ့ ကျေနပ်မှုမရှိပါဘူး။ လုပ်ကိုင်မယ့်စနစ်ကလည်း ခဲတွေအရမ်းပျံ့မယ့် အနေအထားရှိနေ တယ်။ပြီးတော့ အစိုးရနဲ့နီးစပ်တဲ့လုပ်ငန်းရှင်တွေကိုပဲလုပ်ခွင့်ချထားပေးပြီး ကျွန် တော်တို့ ဒေသခံတွေ ရဲ့ခံစားချက်နဲ့ရပ်တည်မှုကို အလေးမထားတဲ့လုပ်ရပ်တွေအပေါ်မှာ ကျွန်တော် တို့ဒေသခံတွေက အရမ်း စိတ်ပျက်နေမိလို့ အခုလိုဒေသခံတွေရဲ့သဘောထားကြေညာချက်ကို ထုတ် ပြန်လိုက် တာပါလို့ မော်ချီးဒေသ ဖွံ့ ဖြိုးရေးလူမှုအဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးက First Weekly အား ယခုလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ 


အဆိုပါမော်ချီးဒေသခံများက ၎င်းင်းတို့ဒေသအတွင်း သတ္တုသန့်စင်စက်ရုံတည်ဆောက်ရန်ကြိုးစားမှု၊ သတ္တုတူးဖော်မှုလုပ်ငန်းတွေမှာ နိုင်ငံတော်အစိုးရရဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဖြစ်စဉ်ဖြစ်ရပ်များနဲ့ အဆိုပါတူးဖော်မှုလုပ်ငန်းများအား ၎င်းင်းတို့ဒေသအတွင်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုထား တဲ့ကြေညာချက် တစ်စောင်ကိုလည်း တစ်ချိန်တည်းမှာပဲ ထုတ်ပြန်လိုက် တယ်လို့သိရှိရပါတယ်။ ကယန်းပြည်သစ်ပါတီမှ အတွင်းရေးမှူးဗိုလ်မှူးကြီးစောလွင်ကဒေသခံတွေကိုညှိနှိုင်းမှုမရှိဘဲ၊ အကျိုးခံစားခွင့်မရှိဘဲ၊ အခွင့် အရေးမပေးဘဲ အစိုးရနဲ့ နီးစပ်တဲ့လုပ်ငန်းရှင်ခရိုနီတွေပဲ လုပ်ခွင့်ရနေတာကို ကျွန်တော်တို့ဒေ သခံတွေ ကအဓိကထားကန့်ကွက် နေကြတာပဲဖြစ်ပါတယ်။ အခုကိစ်္စကကြေညာချက်ထုတ်ရုံနဲ့မလုံလောက် ရင် နောက်ထပ်ဆန်္ဒဖော်ထုတ် တာတွေ၊ ဆန်္ဒပြတာတွေဖြစ်လာနိုင်တယ်။ အခု တစ်နိုင်တစ်ပိုင် တူးနေ တဲ့ ဒေသခံတွေကို အဲဒီစက်ရုံက သူတို့ပိုင်ဧရိယာတွေအဖြစ် ကန့်သတ်လိုက်ရင် အလုပ်လက် မဲ့ပြဿနာတွေဖြစ်ပွားနိုင်သလို မလိုလား အပ်တဲ့ဖြစ်စဉ်ဖြစ်ရပ်တွေလည်း ဖြစ်လာနိုင်တယ်လို့ ကယန်းပြည်သစ်ပါတီအတွင်းရေးမှူး ဗိုလ်မှူး ကြီးစောလွင်ကပြောကြောင်းလည်းသိရှိရပါတယ်။ 

“၀”မင်း ကုမ္ပဏီဒါရိုက်တာမင်းသားလွင်မိုးက-
ကျွန်တော်တို့က သတ္တု သန့်စင်စက်ရုံ ကဆောက်ပြီး ရလာတဲ့သတ္တုတွေကို အဆင့်မြင့် နည်းပညာနဲ့သန့်စင်ပေးသွားမှာ၊သတ္တုတူးမှာလည်းမဟုတ်ဘူး။ သန့်စင်ပြီးတဲ့သတ္တုကိုဝယ်မယ်။ ပြီးရင် နိုင်ငံခြားကို Export လုပ်မယ်။ သတ္တုသန့်စင်တယ်ဆိုတာကလည်း ကျောက်ခဲကိုအမှုန့်ကျိတ်ပြီး ရေဆေးပြီးသန့်တာ၊ဘာဓာတုပစ္စည်းမှလည်းမပါဘူး။ ဒီတော့ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်၊ မထိ ခိုက်ဆိုတာ ပညာရှင်တွေကသိ မှာပါ လို့ပြောကြောင်း မီဒီယာများဖော်ပြချက်အရသိရှိရပါတယ်။
သရုပ်ဆောင်မင်းသားလွင်မိုး ဒါရိုက်တာတာဝန်ယူထားတဲ့ “၀”မင်းကုမ္ပဏီအနေနဲ့ နှစ်ကုန်ပိုင်းလောက်မှာ အဆိုပါဒေသမှာ စက်ရုံစတင်လည်ပတ်နိုင်ဖို့အတွက် မကြာမီပြည်ပမှစက် ယန္တရားကြီးများ ရောက်ရှိ လာတော့မှာဖြစ်ကြောင်း သိရှိရပါတယ်။

၁၀.၁၀.၂၀၁၃ နေ့ထွက် First Weekly Journal မှ

No comments:

Post a Comment