Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

ဓာတ်မီးလာငှားသူကို ရင်းနှီးသူဖြစ်လို့ တံခါးဖွင့်ပေးရာမှ မုဒိန်းကျင့်သွား၍ အမှုဖွင့်ထား

တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် အသက် (၄၂) နှစ်အရွယ် အမျိုးသမီးတစ်ဦးက ခင်မင်ရင်းနှီးသူ တစ်ဦး၏ အဓမ္မပြုကျင့်မှုခံရသည်ဆိုကာ အောက်တိုဘာ ၈ ရက်တွင် အမှုဖွင့်တိုင်တန်းလိုက်သည်။
အောက်တိုဘာ ၈ ရက်ည ၉နာရီအချိန်က နေအိမ်ရှေ့ခန်းတွင် ထိုင်နေစဉ် လူတစ်ဦးက တံခါး လာခေါက် ၍ ချောင်းကြည့်ရာ ခင်မင်ရင်းနှီးသူဖြစ်နေပြီး စက်ဘီးနှင့်ဓာတ်မီးငှားသဖြင့် တံခါးဖွင့်ပေးရာ အိမ်အတွင်း ၀င် လာ၍ တံခါးပြန်ပိတ်ပြီး မိန်းခလုပ်ပိတ်ကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့သည်ဟု မှုခင်း မှတ်တမ်းတွင်လည်း ဖော်ပြထားသည်။
ထို့ကြောင့် အဓမ္မပြုကျင့်သူကို အရေးယူပေးရန် တိုင်တန်းသဖြင့် ဥက္ကံနယ်မြေ ရဲစခန်းက (ပ)၂၁၉/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးနေ ကာ ပြစ်မှုကျူး လွန်ကြောင်း တွေ့ရှိပါက ပုဒ်မ ၃၇၆ ဖြင့် အရေးယူသွားမည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုထားသည်။
By Mizzima

No comments:

Post a Comment