CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 16, 2013
“မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ရုပ်ရှင်ဇာတ်ကား တရုတ်၊ အိန်္ဒိယ ရိုက်ကူးသူများဖြင့် ရိုက်ကူးပြီးစီး
မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ရုပ်ရှင်ဇာတ်ကားကို တရုတ်၊ အိန်္ဒိယ ရုပ်ရှင်ရိုက်ကူးသူများက ကဏ္ဍအလိုက်ခွဲကာ ရိုက်ကူးခဲ့ပြီး ယခုအခါတွင် ပြီးစီးသွားပြီဖြစ်ကြောင်း ၎င်းဇာတ်ကား၏ တွဲဖက်ဒါရိုက်တာ စတီးလ်က မဇ္ဈိမသို့ ပြောကြားလိုက်သည်။
ယင်းဇာတ်ကားသည် မလေးရှားနိုင်ငံရှိ မြန်မာအလုပ်သမားများ ကြုံတွေ့ရသည့် ဖြစ်ရပ်မှန် အကြောင်းအရာများအပေါ် အခြေခံကာ ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပြီး ယခင်က ပြေတီဦး ရိုက်ကူးရန် ရည်ရွယ်ခဲ့သည့် ဇာတ်ကားလည်း ဖြစ်သည်။
“ကျွန်တော်တို့ မြန်မာသရုပ်ဆောင်တွေကို သူတို့ အရမ်းသဘောကျပါတယ်။ မြန်မာ သရုပ်ဆောင်တွေက စိတ်ရှည်တယ်၊ သည်းခံတယ်။ တစ်ခုပဲရှိတာက ဒီဇာတ်ကား ရိုက်ကူးပြီး ချက်ချင်းပြသလို့ မရတာပါဘဲ။ သူတို့ဆီမှာက
ပြလို့ရတယ်။ ဒါဆိုရင် မလေးရှားဘက်မှာ အရင်ပြချင်တယ်လို့ ပြောပေမယ့် ကျွန်တော်တို့က ခွင့်မပြုခဲ့ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ ၂၀၁၅ မှာ ပြသမယ်။ အခု ကားဆက်တဲ့အဆင့် ရောက်ရှိနေပါပြီ။ ဒီကား တစ်ကားလုံးကို အိန်္ဒိယက ကင်မရာမန်းက အဓိကရိုက်ကူးပြီး ထိုးကြိတ်တဲ့အခန်း တွေကျရင် တရုတ်ကင်မရာမန်းက ရိုက်ကူးထားတယ်။ ကဏ္ဍတစ်ခုချင်းစီအလိုက် ကျွမ်းကျင်တဲ့ ကင်မရာ မန်းတွေနဲ့ ရိုက်ကူးထားတဲ့အတွက် တင်ပြပုံတွေလည်း ထူးခြားမှာပါ” ဟု စတီးလ်က ပြောသည်။
ယင်းဇာတ်ကားကို မလေးရှားနိုင်ငံတွင် သြဂုတ် ၁၃ ရက်မှ စက်တင်ဘာ ၃ ရက် အထိ ရိုက်ကူးခဲ့သည်။ အဆိုပါ မလေးရှား ရိုက်ကူးရေးတွင် မလေးရှားနိုင်ငံရှိ ကွာလာလမ်ပူမြို့မှ အထင်ကရနေရာများ၊ စက်ရုံများ၊ ရေခဲတိုက်များ၊ သင်္ချိုင်းနေရာများအပါအ၀င် မလေးရှားနိုင်ငံရှိ နာရေးကူညီမှု အသင်းနေရာများကို ရိုက်ကူးခဲ့သည်။ မြန်မာနိုင်ငံအတွင်း ရိုက်ကူးမှုကို စက်တင်ဘာ ၅ ရက်တွင် ပြန်လည်စတင်ခဲ့ပြီး မိတ်္ထီလာ၊ မအူပင်နှင့် သန်လျင်မြို့များတွင် ရိုက်ကူးခဲ့သည်။
“မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ရုပ်ရှင် ဇာတ်ကားအား ကျပ်သိန်း ၂၀၀၀ကျော် အကုန်အကျခံကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ၎င်းဇာတ်ကား၏ ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ တွဲဖက်ဒါရိုက်တာအဖြစ် ဒါရိုက်တာ စတီးလ် လုပ်ဆောင်ခဲ့ပြီး မလေးရှားဒါရိုက်တာ R.per- akas Rajaram ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံအပြင် နော်ဝေး၊ အင်ဒိုနီးရှားနိုင်ငံတွင်လည်း ပြသမည် ဖြစ်သည်။
ယင်းဇာတ်ကားကို မလေးရှားမှ Shine Entertainment နှင့် ငွေလ မင်းထုတ်လုပ်ရေးတို့မှ ပူးပေါင်းတင်ဆက်ခြင်း ဖြစ်သည်။
ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima - News in Burmese
“မဟာဆန်တဲ့ မာယာမျက်နှာဖုံး” ရုပ်ရှင်ဇာတ်ကား တရုတ်၊ အိန်္ဒိယ ရိုက်ကူးသူများဖြင့် ရိုက်ကူးပြီးစီး
Reviewed by VC
on
October 16, 2013
Rating: 5
Reviewed by VC
on
October 16, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment