Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 15, 2013

တစ္ဆေ၊သရဲ၊ဘီလူး၊ဖုတ် ကောင်ဇာတ်ရုပ်နှင့် တာတေကြီး

 

အမျိုးသားရုပ်ရှင်လုပ် ငန်းကြီး ပေါ်ပေါက်လာပြီးနောက် အရှိန်ရလာချိန်တွင် ဇာတ်လမ်း အမယ် ပေါင်းစုံရိုက်ကူးခဲ့ကြရာ၊ ယင်းတို့တွင် ဘုရားသမိုင်း၊ သိုက် သမိုင်းနှင့် သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းများကိုလည်း ရိုက်ကူး ခဲ့ကြသည်။ဖော်ပြပါ ဇာတ်လမ်း အမျိုးအစား ဇာတ်ကားများကို ရုပ်ရှင် အစောပိုင်း ခေတ်ကသာ မက လွတ်လ ပ်ရေးရပြီး နောက် ပိုင်း အသံတိတ်ခေတ်မတိမ် ကောမီ အချိန်နှင့် အသံထွက် ခေတ်သို့ ကူးပြောင်းပြီး နောက် ပိုင်း ၁၉၆၂ခုနှစ်အထိ မြို့နှင့် တောနယ်များ ပါမကျန် ခေတ် စားခဲ့ဖူးသည်။

ဘုရားသမိုင်း၊ သိုက် သမိုင်းနှင့် သွေးစုတ်ဖုတ်ကောင် ဇာတ်ကားများ ရိုက်ကူးရာတွင် မပါမဖြစ်သော ဇာတ်ကောင်တို့ မှာ စုန်း၊ ကဝေ၊ တစ္ဆေ၊ သရဲ၊ ဘီလူး၊ ဇော်ဂနီ၊ ဇော်ဂနက်၊ စက်ကြိုးရှင်စသည်တို့ ဖြစ်သည်။ ယင်းမကောင်းဆိုးဝါး ဇာတ် ကောင်များ၏ ရုပ်ဆင်း သဏ္ဌာန် ကို ဖန်တီးရာတွင် မိတ်ကပ်ဖြင့် သော်လည်းကောင်း၊ ကင်မရာ လှည့် စားမှုဖြင့်လည်းကောင်း လုပ်ကြရသည်။ သို့သော် အသံ ထွက်ခေတ်ပြောင်း ပြီးနောက် ရိုက်ကူးခဲ့သော ဘုရားသမိုင်း၊ သိုက်သမိုင်း ဇာတ်ကားများတွင် ပါဝင်သော အထက်ပါ ဇာတ် ကောင်ရုပ်များအဖြစ် သရုပ် ဆောင်ခဲ့သည့် တာတေကြီးမှာ ထိတ်လန့်ဖွယ်ရာ ရုပ်အသွင် ကို မိတ်ကပ်ဖြင့် ပြုပြင်စရာ မလိုဘဲ သဘာဝရုပ်အသွင်နှင့် ပါဝင်သရုပ်ဆောင်ခြင်းဖြစ် သည်။ ကမ္ဘာ့ရုပ်ရှင်လောက တွင်လည်း ခေတ်စား ဖူးသော သွေးစုပ်ဖုတ်ကောင် Dracula နှင့်တစ္ဆေသရဲ Fran Kenstein ဇာတ်ကားတို့တွင် အများဆုံး သရုပ် ဆောင်ခဲ့ကြသောခရစ်တိုဖာလီး Christopher Lee (အမေရိကန် မင်းသား)နှင့် ပီတာကူရှင်း Peter Cushing (အင်္ဂလိပ်မင်းသား)တို့ မင်းသားနှ စ်လက်၏ မျက်နှာမှာ မာကျောခက်ထန်မှု ရှိသော်လည်း ကြောက် မက်ဖွယ် ရာ တစ္ဆေ၊သရဲ၊ဖုတ်ကောင် ဇာတ်ရုပ်ကို မိတ်ကပ်နှင့် ကင်မရာ လှည်စားမှုတို့ဖြင့် ဖန်တီးပေးခဲ့ ရသည်။ မြန်မာတစ္ဆေ၊သရဲ၊ ဘီလူးဇာတ် ရုပ်ကို သရုပ်ဆောင် သော တာတေကြီး၏ မျက်နှာ မှာ သာမန်လူများထက် ပိုရှည် နေခြင်း၊ အရပ်ရှည်ခါးကိုင်း ကိုင်းနှင့် စကားပြော လျှင် စူးစူး ဝါးဝါးနှင့် ခြောက်လှန့် ပြောဆို တတ်သော အသံကပင် သူလုပ် ဆောင် ခဲ့ရသော ဇာတ်ကောင် ရုပ်တို့နှင့် အံကိုက်ဖြစ်နေသည်။

တာတေဆိုသော ဝေါဟာရ မှာလည်း တာတေလံအောင် ရုပ်ဆိုးခြင်းဖြစ်၍ အေဝမ်းခြံမှာ သူ့ကိုမြင်တွေ့သော ဒါရိုက်တာ ဦးချစ်ဖေက သူရိုက်ကူးမည့် ရတနာနတ် မယ်ဇာတ်ကား အတွက် ဇာတ်လမ်းအရ လယ် ခိုက်ရွာတွင် ဗြောင်းဆန်အောင် သောင်းကျန်းတဲ့ သရဲဇာတ် ကောင် အဖြစ် သရုပ်ဆောင်ရန် ရွေးချယ်ပြီး၊ နာမည်ကြား ရုံနှင့် ကျောချမ်းစရာဖြစ်ဖို့ ‘တာတေကြီး’ ဟူသော အမည်ကိုပေးကာ မြင့်အောင်၊ ခင်မောင်ဇင်၊ မေရီ မြ၊ မေမြင့်ရီတို့နှင့် ရိုက်ကူးပြီး ၆-၅-၆ဝတွင် ဆုထူးပန်၊ရတနာပုံ၊ မရိုးဆန်းရုံတို့မှာ ပြသခဲ့သည်။

ယင်းဇာတ်ကားကို မဏ္ဍိုင် သတင်းစာက ‘အားလုံး သူ့ နေရာ နှင့်သူ နိုင်နိုင် နင်းနင်း သရုပ် ဆောင်ခဲ့ကြသည်’ ဟု ရေးသား ခဲ့သည်။ ဒုတိယဇာတ်ကား အဖြစ် အေဝမ်း ဖလင်မှ ဒါရိုက်တာ အေဝမ်းမောင်ချစ်၊ ခင်မောင် ဇင်၊စံရှားတင်၊စာဥတို့နှင့်ဒေး စွန်းပါတွင် သိုက်စောင့်သရဲ အဖြစ် ပရိသတ်ကိုခြောက်လှန့် နိုင်ခဲ့သည်။ယင်းဇာတ်ကား သည် ၇-၇-၆ဝတွင် ဘုရင့်ရုံ မှာ ပြသခဲ့သည်။ ထို့နောက် သိုက်သမိုင်း ဇာတ်ကားများတွင် တစ္ဆေ၊ သရဲ၊ ဘီလူး၊ ဖုတ်ကောင် စသည့် ဇာတ်ကောင်နေရာမှာ သူ့ကို အသုံးပြုလာ ကြရသည်။ သူ့ကို ခေါ်သုံးလိုက်ရသည့် အတွက် သူ့မျက်နှာကို ကင်မရာ လှည့်စားချက် အထူးပြုလုပ်ရန် မလိုအပ်ခြင်းကြောင့် ဖြစ်သည်။

တစ္ဆေသရဲဝတ္ထုရေးရာတွင် နာမည် ကြီးသော စာရေးဆရာ မြစကြာ ကိုယ်တိုင် ဒါရိုက်တာလုပ်၍ အောင်မင်္ဂလာရုပ်ရှင်အတွက် ရိုက်ကူး ခဲ့သော သွေးစုပ်ဖုတ် ကောင် ဇာတ်ကားတွင် ဇာတ်လမ်း ၏အားကို ဖုတ်ကောင်ကြီး အဖြစ် သရုပ်ဆောင်သောတာတေကြီး ၏ ကြောက်မက် ဖွယ်ကောင်း အောင်လုပ်ပြနိုင်ခြင်းမှာ ပြော စမှတ်ပြုကြ သည်။ သိုက်သမိုင်း ဇာတ်ကားများတွင် ဇာတ် ဆောင် မင်းသား၊မင်းသမီးများမည်မျှ ပင် သရုပ်ဆောင်ကောင်းနေ စေကာမူ တစ္ဆေသရဲအဖြစ် သရုပ် ဆောင်ရသော တာတေကြီးကဲ့ သို့ သူတို့က ပရိသတ်အား ထိတ်လန့်အောင် သရုပ်ဆောင် မပြနိုင်လျှင် ဇာတ်လမ်းအားကို ပျော့သွားစေမည်မှာ အမှန် ပင်ဖြစ်သည်။ လူတစ်ယောက်၏ ရုပ်ဆင်းအင်္ဂါနှင့် ကိုယ်လက် အင်္ဂါချို့ယွင်း သူတို့ကို လူသားချင်း စာနာထောက်ထားရမည်။ ရုပ်ရှင်တွင် သရုပ်ဆောင်အဖြစ် သုံးလျှင် ရုပ်ရှင်စည်းကမ်း ဘောင်ကျော်သည် ဟုဆိုကြ၏။ ထိုသို့သော သူတို့အစားအတုပြု လုပ်၍လည်းကောင်း၊ကင်မရာ လှည့်စားခြင်းဖြင့် လည်း ကောင်း၊ ရိုက်ကူးပြရမည်ဖြစ်သည်။သို့သော် ကမ္ဘာ့ရုပ်ရှင်နှင့်မြန်မာ့ ရုပ်ရှင် လုပ်ငန်းတို့တွင် သဘာဝကျမှုကို အဓိကထားဦးစားပေးလာ၍ ရုပ်ဆင်းအင်္ဂါနှင့်ကိုယ် အင်္ဂါချို့ ယွင်းသည့် မသန်မစွမ်းသူများ ကို ရုပ်ရှင်သရုပ်ဆောင်များ အဖြစ် ထည့်သွင်းရိုက်ကူးခဲ့ကြသည်။

မိတ်ကပ်မကူ၊ ကင်မရာ လှည့်စားရန်မလိုဘဲ သဘာဝ ရုပ်၊အသံတို့နှင့် ပရိသတ်ကို ခြောက်လှန့်နိုင်ခဲ့သော တာတေ ကြီးသည် သူပါဝင်ရသော ဇာတ် ကောင်ရုပ်ကို ပိုင်နိုင်စွာ သရုပ် ဆောင်နိုင်ခဲ့၍ ‘တာတေကြီး’ ဟူသော အမည်တစ်လုံးသည်အသံထွက်ခေတ်ဘုရားသမိုင်း၊ သိုက် သမိုင်းဇာတ်ကား များတွင် အမည်တစ်လုံးရခဲ့သော သရုပ် ဆောင်တစ်ယောက်ဖြစ်သည်။

ဂျေကြိုင်(မဟာဝိဇ္ဇာ/သမိုင်းအဓိက)
L

No comments:

Post a Comment