Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 20, 2013

ကျောက်ကပ်ရောင် ရောဂါ ဖြစ်လာခဲ့ရင်


ဒေါက်တာ လွင်သန့် (ဆေး-၂)

ကျောက်ကပ်ရောင် ရောဂါဟာ ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့အတူ ကျောက်ကပ် ရုတ်တရက် ပျက်စီးခြင်း အထိ ဖြစ်နိုင်တယ်။

ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ သာမန် နှာစေး အအေးမိခြင်းနဲ့ ကိုယ်ပူခြင်းတို့ ဖြစ်တတ်တယ်။

ကျောက်ကပ်ရောင်ခြင်းနဲ့ ပတ်သက်လို့ ပရီနီဆလုံး၊ ဒက်သာပီတာဇုံး စားဆေးများ သောက်ရရင် ကိုယ့်သ ဘောနဲ့ကိုယ် ရပ်ပစ်တာ မလုပ်ရပါဘူး။ နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ကုသမှု ခံယူဖို့ လိုတယ်။

ကျောက်ကပ်ရောင် ရောဂါကို အချိန်မီ ထိရောက်စွာ မကုသရင် တဖြည်းဖြည်း ကျောက်ကပ် ပျက်စီးပြီး ကျောက်ကပ် အလုပ် မလုပ်တော့တဲ့ အခြေအနေ ဆိုက်ရောက်နိုင်တယ်။ သွေးပေါင် မြင့်ခြင်းဟာ ကျောက်ကပ်ကို ပိုမို မြန်ဆန်စွာ ပျက်စီးစေတယ်။

သွေးပေါင်ချိန် အပေါ်သွေး ၁၄ဝ၊ အောက်သွေး ၉ဝ ထက် ကျော်ရင် သွေးပေါင်ကျဆေးနဲ့ တွဲပြီး ကျောက်ကပ်ဆေး ခေါ်တဲ့ အင်ဒေါက်ဆင်၊ လူကာရင်နဲ့ အင်မြူရမ် ဆေးများ သောက်သင့်တယ်။

အနောက်တိုင်း ဆေးဝါးတချို့နဲ့ တိုင်းရင်းဆေး တချို့ဟာ ကျောက်ကပ်ကို ပျက်စီး စေတတ်တာ သတိထား ရမယ်။ ကျောက်ကပ်ရောင် လူနာများအတွက် အစားအသောက်မှာ အငန်နဲ့ အချို လျှော့ချထားရမယ်။

ရေ

ခန္ဓာကိုယ် ဖောရောင်နေတဲ့ အခါမှာ ဆီးများများ သွားဖို့ ရေများများ သောက်တာမျိုး မလုပ်သင့်ပါဘူး။ ခန္ဓာကိုယ် ပိုမို ဖောရောင်ပြီး အန္တရာယ် ရှိနိုင်တယ်။ ရေနဲ့ အရည်လျှော့ပြီး ဆီးဆေး (ဒိုင်ယူတွန်၊ လေးဆစ်) တို့ သောက်နိုင်တယ်။

အငန်

ကျောက်ကပ်ရောင်ရင် အငန်(ဆား) လျှော့စားရတယ်။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည် ရှောင်သင့်တယ်။ ခန္ဓာကိုယ် ဖောရောင်နေရင် အငန်လျှော့ရမယ်။ စိုးရိမ်စိတ် များပြီးတော့ ချက်ပြုတ်ရာမှာ ''ဆား'' မထည့်တာ မျိုးလည်း မပြုသင့်ဘူး။

အဆီ

အသားကရတဲ့ အဆီ၊ မလိုင် မဖယ်ထားတဲ့ ဒိန်ခဲ၊ ဒိန်ချဉ်၊ ထောပတ်၊ အုန်းနို့နဲ့ ကြက်ဥအနှစ် စတဲ့ အဆိမ့်ပါတဲ့ အစားအစာ ရှောင်ရမယ်။ ပင်လယ်ငါး စားရမယ်။ သို့မှသာ အိုမီဂါ (၃)နဲ့ အိုမီဂါ(၆) ပေါလျှံစွာ ရနိုင်မယ်။

အသားဓာတ်

အသားကို အသင့်အတင့် တုံးထားတဲ့ တစ်တုံး နှစ်တုံး စားနိုင်တယ်။ အသားကို လိုသည်ထက် ပို မစား သင့်ပါ။

သန့်ရှင်းမှု

အစာချက်ပြုတ် ပြင်ဆင်စားရာမှာ သန့်ရှင်းမှုကို သာမန်ထက်ပိုပြီး အလေးထားရမယ်။ အရောင်ဆိုး အစာ၊ ယင်နားစာ၊ မလတ်ဆတ်တဲ့ အသီးအရွက်နဲ့ သိုးတဲ့ဟင်းများစားတာ ရှောင်ရမယ်။ အစား အစာနဲ့ ပတ်သက်ပြီး အငန် လျှော့စားရမယ်။ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်၊ ဆော်ဒါပါတဲ့ အစားအစာ၊ ဟင်းချိုမှုန့်နဲ့ ကြက်သားမှုန့်တို့ ရှောင်ရမယ်။

အရည်နဲ့ ပတ်သက်ပြီး ဖောနေ၊ မောနေတဲ့အခါ ဆီးသွားတာထက် လျှော့ပြီး ရေသောက်ဖို့ လိုတယ်။ မဖောရောင် ဆီး ၇ဝဝ လောက်သွားရင် ရေ ၅ဝဝ စီစီ ပိုတက်ဖို့ စုစုပေါင်း ၁၂ဝဝ စီစီ သောက်ရမယ်။ အသားဓာတ်နဲ့ ပတ်သက်ပြီး ကွမ်းသီးလုံးခန့် တစ်တုံး၊ နှစ်တုံး စားရန်၊ အဆီ အအိမ့်၊ အသားကရတဲ့ အဆီ၊ ထောပတ်၊ မလိုင်၊ အုန်းနို့နဲ့ ကြက်ဥ အနှစ် ရှောင်ရမယ်။

ဆီးချိုရောဂါသည်တွေ အတွက် အချိုစားသုံးမှု လျှော့ရမယ်။ ဆီးချိုဆေး မှန်မှန်သောက်ရမယ်။ နေထိုင်မကောင်း၊ ဖျားရင်၊ ကျောက်ကပ် အရောင်ကျဆေးမှ အပ ကျန်တဲ့ဆေး သောက်ရမယ်။ ကိုယ့်သဘောနဲ့ မရပ်ဘဲ ဆရာဝန် ညွှန်ကြားချက်နဲ့ ရပ်ရမယ်။ လူထူထပ်၊ ဖုန်များတဲ့ ပွဲလမ်း သဘင် ရှောင်ရမယ်။ တီဘီရောဂါသည်နဲ့ အတူမနေရ။ အိမ်ထောင်ရှိ အမျိုးသမီးများ ကျောက်ကပ်ဆေး သောက်နေ စဉ် ကလေး မယူသင့်ပါဘူး။ ။

http://www.myawady.net.mm/stories/healthstories/item/28396-2013-10-20-14-07-45

အောက်က နွယ်မြက်သစ်ပင်ဆေးဖက်ဆိုတဲ့ခေါင်းစဉ်အောက် မှာ
 ဆေးမြီးတိုတွေ၊သိသင့်သိထိုက်တဲ့ကျန်းမာရေးဗဟုသုတများကိုစုဆောင်း တင်ပြပေးထားပါတယ်။


No comments:

Post a Comment