Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 5, 2013

တစ္ဆေသူရဲတွေအတွက် အောင်သွယ်တော် ၀က်ဆိုက်


တစ္ဆေ၊သရဲ တကိုယ်တည်းသမားတွေ အတွက် အောင်သွယ်တော်လုပ်ပေးမယ့်ဝက်ဆိုက်ပါတဲ့။
လုပ်ထားတာကတော့ အတည်ပေါက်ပါပဲ။
ဝက်ဆိုက်နာမည်က GhostSingles.com တဲ့။
တစ္ဆေသရဲအသက် ၁၈နှစ်မှ  ၁၀၀၀+ အထိလက်ခံပါတယ်။ ကိုယ့်အကြောင်းကိုဖော်ပြတဲ့နေရာမှာ  တစ္ဆေအမလား၊တစ္ဆေအထီးလား၊ဘယ်လိုသေဆုံးပြီး သရဲဘ၀ကိုရောက်လာရသလဲ။ ရုတ်တရက်သေဆုံးတာလား၊ကြေကွဲဖွယ်သေဆုံးသလား၊ထူးဆန်းစွာလား။ကြောက်မက်ဖွယ်သေဆုံးခဲ့တာ လား ဆိုတာဖော်ပြရပါမယ်။
တစ္ဆေတွေတဦးနဲ့ တဦး မနမ်းဖို့ လည်းသတိပေးထားပါတယ်။ တဦးနှင့်တဦးမည်သည့်အခါမှမနမ်းရန်။အဘယ်ကြောင့်ဆိုသော် နမ်းသည့်အချိန်တွင်သင်တို့ ရဲ့ မျက်နှာများ ဟာတဦးမျက်နှာကိုတဦး  ဖောက်ထွက်သွားမည် ဖြစ်သောကြောင့် ဖြစ်သည်။

မိတ်ဆွေအပေါင်းအသင်းထဲမှာ  တကိုယ်တည်းသရဲအမ၊အထီးများရှိရင် အောက်က၀က်ဆိုက်ကို လက်တို့ လိုက်ကြပါဦး။  သရဲမနဲ့ ရည်းစားတော်ချင်တဲ့ ကိုကိုလူပျိုများအတွက် ဘယ်လိုစည်းကမ်းချက်သတ်မှတ် ထားသလဲတော့ ကိုယ်တိုင်ဝင်ပြီးတော့ လေ့လာကြပါရန်။
the melting pot 4 u

[Source]

No comments:

Post a Comment