Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 9, 2013

ကလေးများ၏ စိတ်ဓာတ်ကို ညှို့ယူစေသောအရောင်


Thursday, 10 October 2013

ကလေးထိန်းမူကြို၊ ကလေးများ၏အိပ်ခန်း စသည်တို့တွင် အရောင်စုံနံရံကပ်
စတစ်ကာ သို့မဟုတ် အရောင်စုံအခန်းခြယ်သမှုများသည် ကလေးများ၏စိတ် ကို ဆွဲဆောင်စေကြောင်း သိပံ္ပနည်းကျစမ်းသပ်မှုများအ.
..ရ သိရှိ နိုင် သည်။
အနီရောင် -ကလေးများ၏စိတ်ကို ကျန်းမာကြံ့ခိုင်ဖျတ်လတ်စေသည်။
ပန်းရောင် -ကလေးများအား မျှဝေခံစားသောစိတ်၊ အေးဆေးတည် ငြိမ်သော စိတ်ကို ဖြစ်စေသည်။

အ၀ါရောင် – ပျော်ရွှင်တက်ကြွသော စိတ်၊ အစာချေဖျက်မှုကောင်းခြင်း၊ မှတ်ဉာဏ်အားကောင်းခြင်းတို့အား ဖြစ်စေသည်။

လိမ္မော်ရောင် -လူအများနှင့်ပေါင်းသင်းဆက်ဆံလိုစိတ်၊ ပတ်ဝန်းကျင် နှင့်
လိုက်လျောညီထွေနေလိုစိတ်များ ကလေးတို့တွင် ဖြစ်ပေါ်စေသည်။ စိတ်တည်ငြိမ်မှု၊ အေးဆေးသောစိတ် တို့ကို ဖြစ်စေသည်။

အပြာရောင် -ကလေးတို့၏ကိုယ်၊ စိတ်ကို တည်ငြိမ်စေပြီး ကြောင့်ကြစိတ်၊ ရန်လိုစိတ်တို့ကို လျော့ပါးစေသည်။

မရမ်းရောင် – အရောင်များ ပေါင်းစပ်ဖြစ်ပေါ်သောအခြေခံစိတ်ကဲ့သို့ တည်ငြိမ်စေခြင်း၊ အသိဉာဏ်ကြွယ်ဝစေခြင်း၊ အ၀ါရောင်ကဲ့သို့ နှလုံး သားမွေ့လျော်ခြင်း၊ အနီရောင်ကဲ့သို့ အားအင်ဖြစ်ခြင်း၊ သက်သောင့်သက်
သာခံစားတတ်ခြင်း၊ သစ္စာစောင့်သိစိတ်၊ ကြွယ်ဝချမ်းသာစိတ်များ
ဖြစ်စေသည်။

အစိမ်းရောင် -ကလေးတို့အား တည်ငြိမ်အေးချမ်းစိတ်၊ သုခခံစားမှု၊ ကျန်းကျန်းမာမာနေလိုစိတ်၊ လန်းဆန်းသောစိတ်၊ ကြောင့်ကြမှုကင်းပြီး အာရုံစုစည်းတတ်ခြင်း၊ စာဖတ်နိုင်သောဉာဏ်စွမ်းရည်တို့ကို ပေးစွမ်းသည်။

ဒေါန
Health Updates Journal

No comments:

Post a Comment