BY news-eleven.com
မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်း သောင်းချီ အရှုပ်အထွေး ဖြစ်နေသူ
ကိုကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီးမှာ အောက်တိုဘာ ၂၁ ရက်
နံနက်ပိုင်းက ဆွဲကြိုးချကာ မိမိကိုယ်ကိုယ် အဆုံးစီရင် သွားကြောင်း သိရသည်။
ကိုကျော်ခိုင်စိုး (ခ) နားကွင်းကျော်ကြီး (၄၃ နှစ်) (ဘ) ဦးထွန်းမြင့်မှာ
အောက်တိုဘာ ၂၁ ရက် နံနက် ၅ နာရီခွဲ ၀န်းကျင်ခန့်က ချမ်းအေးသာစံမြို့နယ်၊
ဒေးဝန်း အနောက်ရပ်ကွက်၊ အကွက် (၃၂၃) ရှိ နေအိမ်ဧည့်ခန်းအတွင်း
မျက်နှာကြက်တွင် ပန်ကာတပ်ဆင်ရန် ပြုလုပ်ထားသော သံချိတ်၌ ပလတ်စတစ်
ကျစ်ကြိုးအသုံးပြုကာ ထိုင်ခုံ သုံးလုံးပေါ်တက်၍ ကွင်းချောဖြင့် ဆွဲကြိုးချ
သေဆုံးနေကြောင်း တွေ့ရှိရပြီး ပြင်ပဒဏ်ရာ မတွေ့ရှိရသောကြောင့်
မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ပီအာရ် ၀၈ ဖြင့် ပို့ဆောင် အပ်နှံခဲ့ကြောင်း
သိရသည်။
''ဒီပြဿနာတွေ မဖြစ်ခင် တစ်ပတ်လောက်က သူ့ကို ကားငါးစီး
အရောင်းအ၀ယ်လုပ်ဖို့ အပ်ခဲ့သေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုကျော်ကြီးအတွက်
စိတ်မကောင်းပါဘူး'' ဟု ရန်ကုန်မြို့ရှိ ကား Show Room ဖွင့်လှစ်ထားသူ
တစ်ဦးက ပြောကြားသည်။
ငွေကြေး မပြေလည်မှုကြောင့် တိမ်းရှောင်နေသော
နားကွင်း ကိုကျော်ကြီးမှာ အောက်တိုဘာ ၁၁ ရက်က ချမ်းအေးသာစံမြို့ နယ် အမှတ်
(၆) ရဲစခန်း၌ လာရောက် ၀န်ခံခဲ့ပြီးနောက် နာရီပိုင်း အကြာတွင်
အာမခံရရှိပြီးနောက် ယခုကဲ့သို့ ဆွဲကြိုးချ သေဆုံးခဲ့ခြင်းဖြစ်သည်။
''လုပ်ငန်းကိစ္စတွေ လုပ်နေရင်း ငွေမနိုင်ဘဲ ဖြစ်ပြီးတော့ အခုလို မထင်မှတ်ဘဲ
ဖြစ်ခဲ့ရတာပါ။ ကျွန်တော့်ကြောင့် နစ်နာသွားတဲ့သူတွေ အားလုံးကို
အဆင်ပြေအောင် ပြန်လည် ဖြေရှင်းပေးသွားမှာပါ'' ဟု အာမခံဖြင့် ပြန်လည်
လွတ်မြောက်ခဲ့စဉ်က နားကွင်း ကျော်ကြီး (ခ) ကိုကျော်ခိုင်စိုးက
ပြောဆိုခဲ့ကြောင်း သိရသည်။
ယခုဖြစ်စဉ်ကြောင့် ကားကုမ္ပဏီများနှင့်
နားကွင်း ကိုကျော်ကြီး အရောင်းအ၀ယ် ပြုလုပ်ထားသည့် ကားစီးရေ ၄၀၀ ခန့်မှာ
အုံနာဘုတ်၊ စလစ်နှင့် နံပါတ်ရရှိရန် ဆောင်ရွက်မှုများ အတွက်
ငွေကြေးပိုင်းဆိုင်ရာ ပိုမိုရှုပ်ထွေးမှုများ ရှိလာနိုင်ကြောင်း
ကားပွဲစားများက ဆိုသည်။
အဆိုပါ ဖြစ်စဉ်အား နမစ (၆) သေမှုသေခင်း အမှတ် ၁၅/၁၃ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 21, 2013
မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်းသောင်းချီ အရှုပ်အထွေး ဖြစ်နေသူ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံး
မန္တလေး ကားလောကတွင် ကျပ်သိန်းပေါင်းသောင်းချီ အရှုပ်အထွေး ဖြစ်နေသူ မိမိကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံး
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 21, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
October 21, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment