ရန်ကုန်၊ အောက်တိုဘာ ၁၃
စာရေးဆရာ မောင်သိန်းဆိုင်၏ နာမည်ကြီး
အနုပညာလက်ရာဖြစ်သော ရေနံ့သာ ခင်ခင်ကြီး ဝတ္ထုကို နာမည်ကျော် သရုပ်ဆောင်
များစွာဖြင့် ရုပ်သံဇာတ်လမ်းတွဲအဖြစ် ရိုက်ကူးသွားမည် ဖြစ်ကြောင်း
ယင်းဇာတ်လမ်းတွဲကို ရိုက်ကူးမည့် ဒါရိုက်တာ အဏ်ထော်ဏီက The Voice သို့
ပြောကြားသည်။
“ဒီဝတ္ထုက ဆရာမောင်သိန်းဆိုင် မဆုံးခင် ကတည်းက
ကျွန်တော်ရုပ်ရှင်ရိုက်ဖို့ ဝယ်ထားခဲ့တာပါ။ ဒါပေမဲ့ ရုပ်ရှင်ရိုက်ဖို့ဆို
ဇာတ်လမ်းကို ချုံ့ပစ်ရမှာ ဖြစ်တဲ့အတွက် နှမြောတာနဲ့ သိမ်းထားခဲ့တာ။ အခု Sky
Net က ရုပ်သံဇာတ်လမ်းတွဲ ရိုက်ချင်တယ်ဆိုလို့ ကျွန်တော့်မှာရှိတဲ့ ဇာတ်ကို
ပြကြည့်တဲ့အခါ သူတို့ကလည်း သဘောကျတာနဲ့ ရိုက်ဖြစ်သွားတာပါ။
ဇာတ်လမ်းတွဲကိုတော့ ၃ လပိုင်းမှာ စရိုက်မယ်” ဟု ယင်းရုပ်သံဇာတ်လမ်းတွဲ
ရိုက်ကူးဖြစ်ပုံနှင့် ပတ်သက်၍ ၎င်းက ထပ်လောင်းပြောကြားသည်။
ရေနံ့သာခင်ခင်ကြီး
ဝတ္ထုမှာ စာရေးဆရာ မောင်သိန်းဆိုင်၏ နာမည်ကြီး ဝတ္ထုဖြစ်သည့်အတွက်
ရိုက်ကူးရသည်မှာ တာဝန်ကြီးသလို၊ မိမိအတွက် ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲ
ဖြစ်နေသည့်အတွက် ရင်ခုန်နေကြောင်း၊ ပရိသတ်များအတွက် အကောင်းဆုံး
တင်ဆက်နိုင်အောင် ကြိုးစားသွားမည် ဖြစ်ကြောင်း၊ သရုပ်ဆောင်များအဖြစ်
အဓိကဇာတ်ဆောင် ရေနံ့သာ ခင်ခင်ကြီးအဖြစ် စိုးမြတ်သူဇာ၊ ရေနံ့သာ ခင်ခင်ကြီး၏
ငယ်ဘဝ ဇာတ်ကောင် နေရာတွင် စိုးပြည့်သဇင်၊ ရေနံ့သာ ခင်ခင်ကြီး၏ ခင်ပွန်း
မောင်မောင်ဦးအဖြစ် ရန်အောင်၊ ခင်ခင်ကြီး၏ ဖခင်အဖြစ် နေအောင်၊
မောင်မောင်ဦး၏ ဖခင်အဖြစ် ဇင်ဝိုင်းတို့က ပါဝင် သရုပ်ဆောင်ကြမည်
ဖြစ်ကြောင်း ဒါရိုက်တာ အဏ်ထော်ဏီက ဆိုသည်။
“မကြီးက ရေနံ့သာ
ခင်ခင်ကြီးရဲ့ အသက်၄၀ ကျော်အရွယ်ကို သရုပ်ဆောင်ရမယ်။ ငယ်ဘဝကိုတော့
တခြားတစ်ယောက်က သရုပ်ဆောင်လိမ့်မယ်။ ကိုရီးယားကားတွေ၊ ကုလားကားတွေ
ကြားထဲမှာ မြန်မာဇာတ်လမ်းတွဲတွေ ဝင်တိုးဖို့ တော်တော်လေးတော့ ကြိုးစားရမယ်
ထင်တယ်” ဟု အဓိကဇာတ်ဆောင် ရေနံ့သာ ခင်ခင်ကြီးအဖြစ် ပါဝင်မည့် သရုပ်ဆောင်
စိုးမြတ်သူဇာက ပြောကြားသည်။
The Voice Weekly
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, October 14, 2013
ရေနံ့သာခင်ခင်ကြီး ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမည်
ရေနံ့သာခင်ခင်ကြီး ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးမည်
Reviewed by VC
on
October 14, 2013
Rating: 5
Reviewed by VC
on
October 14, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment