Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 14, 2013

MTV EXIT ROAD SHOW ပွဲများတွင် ပါဝင်ဖျော်ဖြေမည်ဟု သန္တဗိုလ်ဆို

ရန်ကုန်၊ အောက်တိုဘာ ၁၃

‘နားလည်ပေးပါကို’ ဆိုတဲ့ တစ်ကိုယ်တော် တေးစီးရီး မကြာသေးခင် ရက်ပိုင်းအတွင်းကမှ ထွက်ရှိ ထားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် သန္တာဗိုလ်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေးအဖွဲ့က စီစဉ်တဲ့ MTV EXIT ROAD SHOW မှာ ပါဝင်ဖျော်ဖြေသွားဖို့ ရှိတယ်လို့The Voice ကို ပြောပါတယ်။

ဒီလူကုန်ကူးမှု ပညာပေး ဖျော်ဖြေပွဲတွေကို အောက်တိုဘာလ ၁၈ နေ့မှာ မော်လမြိုင်၊ အောက်တို ဘာလ ၂၀ ရက်နေ့မှာ ဘားအံနဲ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ပုသိမ်မြို့များမှာ ပြုလုပ်သွားမှာ ဖြစ်ပြီး တေးသံရှင်ဖြိုးကြီး၊ ထက်နေကြည်၊ ဖြူဖြူကျော်သိန်းတို့နဲ့အတူ သန္တာဗိုလ်က ပါဝင်ဖျော်ဖြေမှာ ဖြစ်ပါတယ်။
“ညီမက နယ်ဖျော်ဖြေပွဲတွေမှာဆို ကိုယ့်သီချင်းတွေလည်း ဆိုသလို၊ သူများသီချင်းတွေလည်း ဆိုတယ်။ ဒီပွဲမှာလည်း မကြာခင်က ထွက်ထားတဲ့ နားလည်ပေးပါကို စီးရီးထဲက ပရိသတ်ကြိုက်တဲ့ သီချင်းတွေအပြင် တခြားသီချင်းတွေလည်း ဆိုမယ်။ သီချင်းတွေကို Star Dancers အဖွဲ့နဲ့အတူ Performance တွေနဲ့တွဲပြီး ဖျော်ဖြေသွားမယ်” လို့ သန္တာဗိုလ်က ပြောပါတယ်။

လတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ မာယာတစ်ရေးနိုးဆိုတဲ့ ဗီဒီယိုဇာတ်ကားမှာ သရုပ်ဆောင် အောင်ရဲလင်း၊ မိုးဟေကိုတို့နဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး Forever ကလုပ်တဲ့ Dream Wedding Show မှာလည်း ရှိုးလျှောက်သွားဖို့ ရှိကြောင်း၊ နားလည်ပေးပါကို စီးရီးထဲမှာ ပရိသတ်တွေက Title သီချင်းအပြင်၊ အိမ်နဲ့ တေးရေး ဘန်နီဖြိုး၊ Ar.T တို့ရေးတဲ့ သီချင်းတွေကို ကြိုက်နှစ်သက်ကြကြောင်း သန္တာဗိုလ်က ထပ်လောင်း ပြောကြားပါတယ်။

The Voice Weekly

No comments:

Post a Comment