Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

အိမ်ရှင်မနဲ့ မီးဖိုချောင်


Tuesday, October 29, 2013

အစားအသောက်များကိုနည်းလမ်းမှန်စွာသိမ်းကြမယ်
.....................................................................
ရေခဲသေတ္တာဆိုတဲ့ အိမ်သုံးပစ္စည်းကတော့ ယခုခေတ်
အိမ်တိုင်းလိုလိုမှာ ရှိကြတဲ့အရာတစ်ခုပါပဲ။
ကျွန်မတို့အများစုနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးလာခဲ့တဲ့
ပစ္စည်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ သို့သော်ငြားလည်း
ရေခဲသေတ္တာထဲကို ဘယ်လိုပစ္စည်းမျိုးတွေ
ထည့်သင့်တယ်၊ ဘယ်လိုပုံစံမျိုး သိမ်းသင့်တယ်ဆိုတာကိုတော့
ကျွန်မတို့တွေ သိပ်ပြီးအလေးပေးလေ့မရှိကြပါဘူး။
အသီး၊ အရွက်၊ အသား၊ ငါး ဘာမဆိုရေခဲသေတ္တာထဲကို
ဒီတိုင်းထည့်လိုက်ကြတာများပါတယ်။ အချို့အစားအသောက်များဟာ
ရေခဲသေတ္တာနဲ့ သိမ်းပေမယ့်လည်း နည်းလမ်းမှန်ကန်စွာ
မသိမ်းဖြစ်ခဲ့ရင် ကြာရှည်မခံပါဘူး။ထို့ကြောင့် ရေခဲသေတ္တာထဲမှ
အစားအသောက်များနှင့်ပတ်သက်၍ လေ့လာဖတ်ရှူမိသော
နည်းလမ်းကောင်းလေးများအား 'အိမ်ရှင်မနဲ့ မီးဖိုချောင်'
အစီအစဉ်မှနေပြီး မျှဝေပေးလိုက်ပါတယ်။

၁။ ပထမဆုံး ရေခဲသေတ္တာအပူချိန်ကို စစ်ပေးပါ။
40·F (5·C) ထက်နည်းရပါမယ်။ မဟုတ်ရင်တော့
အန္တရာယ်ရှိသောအစားအသောက် ပိုးမွှားများပေါက်ဖွားမှုကို
ဖိတ်ခေါ်သလိုဖြစ်နေပါလိမ့်မယ်။

၂။အရွက်များသိမ်းတဲ့ပုံးမှာ အပူချိန်ပါရင်လည်း
အဲဒီအပူချိန်ကို စစ်ပေးဖို့လိုပါတယ်။ တွေ့ဖူးတဲ့
ရေခဲသေတ္တာအများစုမှာတော့ မပါကြပါဘူး။

၃။ကျန်သေးတဲ့ဟင်းများကို ပုံပါအတိုင်း ဘူးအကြည်နဲ့
ထည့်ပေးပါ။ ဒါမှ ဘာကျန်နေသလဲဆိုတာကိုမြင်ပြီ
မြန်မြန်စားဖြစ်မှာဖြစ်ပါတယ်။

၎။အသီးအရွက်များနဲ့ သစ်သီးများကို တစ်နေရာထဲမှာ
ရောပြီးမသိမ်းသင့်ပါဘူး။

၅။ နွားနို့အစရှိတဲ့ မြန်မြန်ပျက်လွယ်သော
အစားအသောက်များကို ရေခဲသေတ္တာဘောင်မှာ
မထားသင့်ပါဘူး။ ထိုနေရာများဟာ အပူချိန်
အတက်အကျမြန်တာကြောင့် မြန်မြန်ပျက်လွယ်စေပါတယ်။

၆။သားစိမ်းငါးစိမ်းများကို ရေခဲသေတ္တာအောက်ထပ်ထဲမှာ
သိမ်းဆည်းဖို့ (သို့) အေးခဲစေသောအထပ်မှထုတ်ပြီး
ရေခဲပျော်စေရန်လိုလာလျှင် အောက်ဆုံးအဆင့်မှာသာ
ထားရပါမယ်။ မဟုတ်ရင် သားစိမ်းငါးစိမ်းများရဲ့အရည်က
တခြားအစားအသောက်တွေပေါ်ကို ဖိတ်ကျနိုင်စေတာကြောင့်ပါ။

၇။ ရေခဲသေတ္တာထဲမှာ ပစ္စည်းများကို ပြည့်ကျပ်နေအောင်
မထည့်သင့်ပါဘူး။ လေလည်ပတ်မှုကောင်းစေရန်အတွက်
တစ်ခုနဲ့တစ်ခု ကြားနေရာ နည်းနည်းချန်ထားနိုင်ရင်
ပိုကောင်းပါတယ်။

၈။ ဘယ်အစားအစာ၊ အသီးအရွက်ကိုမှ လှီးပြီး၊
အတုံးတုံးပြီးမှ မသိမ်းသင့်ပါဘူး။ ပန်းသီးကို
အလုံးလိုက်သိမ်းတာက အစိတ်စိတ်ပြီးသိမ်းတာထက်
ပိုပြီးတာရှည်ခံတာက ဥပမာတစ်ခုပါပဲ။

၉။ ဈေးမသွားခင်မှာ ရေခဲသေတ္တာ အနောက်နားမှာ
ထည့်ထားတဲ့ အစားအသောက်များကို အရင်ရှင်းပါ။
ဒါမှ မိမိဆီမှာ ဘာကျန်သေးလဲ၊ ဘာထပ်ဝယ်ရမလဲ
ဆိုတာကို သိမှာပါ။

၁၀။ နောက်ဆုံးအချက်အနေနဲ့ ဘာပဲဖိတ်ဖိတ် ချက်ချင်းသုတ်ပစ်ပြီး
ရေခဲသေတ္တာကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးပါ။

Ref : Internet, photo courtesy of Google image

FOOD Magazine

No comments:

Post a Comment