Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 4, 2013

မြို့ပတ်ရထား ပြေးဆွဲမှု တစ်ရက် ကျပ် ၂၅ သိန်းရှုံးဟု ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ထုတ်ပြန်



ရန်ကုန်မြို့တစ်ပတ် ဆင်ခြေဖုံး မြို့နယ်များအတွက် အဓိကထား ပြေးဆွဲပေး
လျက်ရှိသည့် မြို့ပတ်ရထား ပြေးဆွဲမှုမှာ တစ်ရက်လျှင် ငွေကျပ် ၂၅ သိန်း အရှုံး ရှိကြောင်း ရထား ပို့ဆောင်ရေးဝန်ကြီးဌာနက စက်တင်ဘာလကုန်တွင် တရားဝင် ထုတ်ပြန်ခဲ့သည်။

ရထားတစ်ခေါက် ထွက်လျှင် ကုန်ကျမည့် ကုန်ကျစရိတ်၊ ဒီဇယ်ဖိုးတို့ကို တွက်ချက်ပါက တစ်ခေါက်ချင်းစီတွင် အရှုံး မသိသာသော်လည်း တစ်ရက်
လျှင် ခေါက်ရေ ၂၀၀ ပြေးဆွဲပေးနေရသည့် အတွက် ကျပ် ၂၅ သိန်း အရှုံးပြခြင်း ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

မြို့ပတ်ရထား စီးရခြင်းသည် ယာဉ်ကြော ပိတ်ဆို့၍ စောင့်ဆိုင်းရခြင်းမျိုး မရှိသောကြောင့် အဆင်ပြေသော်လည်း ရထားဝင်၊ ထွက်ချိန် မမှန်သဖြင့် သတ်မှတ်ထားသည့် အချိန်ထက် စော၍သော် လည်းကောင်း၊ နောက်ကျ
၍သော် လည်းကောင်း ရထား စောင့်ရခြင်းများကို ကြုံတွေ့နေရသဖြင့် ရထားကို အချိန်မှန်မှန် ခုတ်မောင်းပေးပါက ခရီးသည်များ ယခုထက် ပိုမိုစီးနင်း နိုင်မည် ဖြစ်ကြောင်း အင်းစိန်မြို့နယ်မှ ရန်ကုန်မြို့တွင်း လာရောက် အလုပ် လုပ်ကိုင်နေသည့် သတင်းဂျာနယ် သတင်းထောက် တစ်ဦးဖြစ်သူ ကိုအောင်ခိုင်က ဆိုသည်။

နေ့စဉ် မြို့ပတ်ရထား စီးနင်းသူ ပြည်တွင်း ခရီးသည်မှာ ကိုးသောင်းကျော်
ခန့် ရှိသော်လည်း ယခုနှစ် မိုးတွင်းတွင် နိုင်ငံခြားသား ၅၀ ဦးခန့်သာ စီးနင်းကြောင်း မြန်မာ့မီးရထားမှအထွေထွေမန်နေဂျာ(အောက်မြန်မာပြည်)
ဦးထွန်းအောင်သင်းက ဆိုသည်။

မြို့ပတ်ရထားလမ်းသည် ၂၉ မိုင် ခန့်ရှိပြီး ဘူတာ ၃၈ ခု ရှိရာ ရထားတစ်စီး ပုံမှန် ပြေးဆွဲချိန်မှာ ၂ နာရီနှင့် မိနစ် ၅၀ ကြာမြင့်ကြောင်း ရန်ကုန်ဘူ
တာကြီး ထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် မြို့ပတ်ရထား အဆိုင်း ၂၁ ဆိုင်းဖြင့် ခေါက်ရေ ၂၀၀ ဖြင့် ပြေးဆွဲ
လျက်ရှိရာ ခရီးသည် ကိုးသောင်းကျော် ရှိကြောင်း၊ ယခုအခါတွင် မြို့ပတ်
ရထားများတွင် အထူးရထားတွဲများ ချိတ်ဆက်၍ ပြေးဆွဲပေးလျက် ရှိသည့်
အပြင် အောက်တိုဘာလ ၅ ရက်နေ့တွင်လည်း လေအေးစက်ပါ RBE ရထား
ကို အသစ်တိုးချဲ့ ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီး ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment