နေပြည်တော်၊အောက်တိုဘာ၂၄
ဝန်ကြီးချုပ်ဟောင်းဦးခင်ညွှန့် အနေဖြင့် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည်မှာမှန်ကန်ပါက ၎င်း၏ အခွင့်အရေးဖြစ်ပြီး သီးခြားမှတ်ချက်ပြု စရာမရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ကပြောသည်။
“တကယ်လို့ ဒီသတင်းထွက်တာမှန်တယ်ဆိုလို့ရှိရင် သူ့ အခွင့်အရေးပါပဲ၊သူရွှေးချယ်ပိုင်ခွင့်ရှိပါတယ်။ ပြည်သူများကပဲ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ မိမိ အနေနဲ့သီးခြားမှတ်ချက်ပြုစရာမရှိပါဘူး” ဟု ဦးရွှေမန်းက ပြောသည်။
ယခင်ဗိုလ်ချုပ်ကြီးဟောင်းဦးခင်ညွှန့် က ကျောက်တန်းမြို့နယ်တွင် ၂၀၁၅ ခုနှစ်ရွှေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုသည့် သတင်းများ ထွက်ပေါ်နေခြင်းအပေါ် မည်ကဲ့သို့ သဘောထားရှိပါသလဲဟု မီဒီယာများ၏ မေးမြန်းမှုကို ၎င်း ကအထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီးသန်းရွှေက လက်ရှိ မြန်မာ့နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု ကို ၀င်ရောက်ပါဝင် ပတ်သတ်နေခြင်းရှိမရှိ နှင့် မည်သည့် အတိုင်းအတာ အထိ စိတ်ဝင်တစား၊စိုးရိမ်မှု ရှိမရှိ သတင်းမီဒီယာမျာ၏ မေးမြန်းမှုကို
“ လူကြီးတစ်ယောက်အနေနဲ့ မူလကတည်းကိုက နိုင်ငံတော်နဲ့ နိုင်ငံသားများအပေါ်မှာ စေတနာနဲ့ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ သို့သော်အကျိုးးရလဒ်က အားလုံးသိတဲ့အတိုင်းပါပဲ စေတနာကိုမိမိတို့လေးစားတန်ဖိုး ထားပေမယ့် ရလဒ်ကို မိမိတို့ ကြိုက်ချင်မှ ကြိုက်မယ် ဒီအပေါ်မှုတည်ပြီးတော့ မိမိတို့ သင်ခန်းစာယူပြီး မိမိတို့ ဆက်လက်ဆောင်ရွက်တဲ့နေရာမှာ လူကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ပေါ်မှုကို ဘေးကနေ စိတ်ဝင်တစားစောင့်ကြည့်တဲ့ သဘောရှိပါတယ်။မဖြစ်သင့်တာတွေ မဖြစ်ပေါ်ဖို့လဲ သူဆီမှာ စိုးရိမ်စိတ်တွေရှိပါတယ် ဒါကတော့နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံ အကြီးအကဲ တစ်ယောက်အနေနဲ့ သူရဲ့ အမှန်ပကတိ အတိုင်း ခံစားဆောင်ရွက်ခြင်းဖြစ်ပါတယ်” ဟု ဦးရွှေမန်းက ပြန်လည်ဖြေကြားသည်။
“နိုင်ငံရေးနဲ့ ပတ်သက်ရင်လည်ဲး ပါဝင်ပတ်သက်နေတာ ရှိရင်လည်း သူ့အနေနဲ့ လက်တွေ့ လုပ်ဆောင်လို့ မရပါဘူး။ နိုင်ငံရေးကိုတော့ ဒီနေ နိုင်ငံရေးတာဝန်ယူထားတဲ့ပုဂ္ဂိုလ်တွေ ပြောမယ်ဆိုရင် ဥပဒေပြုရေး ကိစ္စ ၊အုပ်ချုပ်ရေးကိစ္စ၊ တရားစီရင်ရေးကိစ္စ သီးခြားဆောင်ရွက်နိုင်တဲ့အခွင့်အလမ်းတွေရှိတယ်၊ဒါနဲ့ ပတ်သတ်ပြီး ပါဝင်ဆောင်ရွက် စရာ မရှိပါဘူး”ဟု ၎င်း ကဆက်လက်ဖြေကြားသည်။
ယနေ့နေပြည်တော်တွင်ကျင်းပနေသော ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးပြီးမြောက်ချိန် နောက်ပိုင်း မွန်းလွဲ(၁း၀၀)နာရီ ခန့်တွင် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သတင်းမီဒီယာများနှင့် ဇမ္မူသီရိ အဆောင် မီဒီယာခန်း တွင် တွေ့ဆုံခဲ့သည်။
စိုင်းနောင်
Popular Myanmar News Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, October 24, 2013
ဦးခင်ညွှန့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုပါက သီးခြား မှတ်ချက်ပြု စရာမရှိကြောင်း သူရဦးရွှေမန်းဆို
ဦးခင်ညွှန့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်မည် ဆိုပါက သီးခြား မှတ်ချက်ပြု စရာမရှိကြောင်း သူရဦးရွှေမန်းဆို
Reviewed by VC
on
October 24, 2013
Rating: 5
Reviewed by VC
on
October 24, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment