Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

နှလုံးရောဂါ မဖြစ်အောင် မနက်စာစားကြစို့ 


မနက်စာ မဖြစ်မနေစားသင့်တဲ့ အချက် ( ၆ ) ချက်

မနက်စာ စားခြင်းဟာ နေ့ တစ်နေ့ ရဲ့ အစမှာ အရေးကြီးတဲ့ အစားအစာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ လူတော်တော်များများဟာ မနက်စာ ကို ကျော်လွန်သွားတက်ကြပါတယ်။
လူအများစုဟာ မိမိတို့ အလုပ်ကိစ္စများနဲ့ တစ်နေ့ တာ အချိန်ဇယားများမှာ အလုပ်ရှုပ်နေကြတဲ့ အတွက် မနက်စာ စားဖို့ အချိန် အနည်းငယ်လေးတောင် မပေးနိုင်ကြ ပါဘူး။ ဘယ်လိုပဲ ဖြစ်ပါစေ သင့်ရဲ့  တစ်နေတာ အစမှာ လိုအပ်တဲ့ စွမ်းအားတွေ ရရှိဖို့ အတွက် အကောင်းဆုံး လိုအပ်ချက် မနက်စာ စားခြင်းကို စားသုံးရပါမယ်။ မနက်စာ စားသုံးခြင်းကနေ အကျိုးတရားတွေ အများကြီး ရှိတဲ့ အကြောင်းတွေ ချရေးကြည့်ရအောင်။

တစ်နေ့ တာ အတွက် လိုအပ်တဲ့ စွမ်းအင် ရရှိခြင်း
မနက်စောစောမှာ နွမ်းလျပြီး ပင်ပန်းသလို ဖြစ်နေတယ် ဆိုရင် အဟာရ ရှိတဲ့ မနက်စာ တစ်ခွက်ကို စားသုံးလိုက်ခြင်းဟာ တစ်နေ့ တာ အတွက် ခွန်အားကို ဖြစ်ပေါ်စေပြီး
လန်းဆန်းလာပါလိမ့်မယ်။ အမျှင်ဓာတ် ၊ ဗီတာမင် စီ နဲ့ ဒီ ပါဝင်တဲ့ မနက်စာဟာ သင့်စွမ်းအင်ကို တိုးပွားစေနိုင်ပါတယ်။ ကြက်ဥပေါင်မုန့် ကင် တစ်ခုနဲ့ လိမ္မော်ရည် တစ်ခွက်က မနက်စာအတွက် အကောင်းဆုံး နမူနာ စားစရာ ပါ။ 

သင့်ဦးတည်ချက်များကို ပိုကောင်းစေတယ်
မနက်စာ စားထားတဲ့ အချိန်မှာ ၀မ်းမှာ အစာရှိနေတဲ့ အတွက် မိမိ အလုပ်တွေ ကို ပိုပြီး ဦးတည်ချက်ထား လုပ်ဆောင်လာနိုင်ပါတယ်။
တစ်ဖက်မှာကတော့ မနက်စာ မစားထားရင် အလုပ်ကို စိတ်စုစည်ပြီး လုပ်ဖို့  ခက်ခဲတယ်လို့  မှတ်ယူနိုင်ပါတယ်။
ဗိုက်ဆာနေတဲ့ အခါ တခြား ကိစ္စတွေကို စဉ်းစားနိုင်မှာ မဟုတ်တော့ဘဲ အစားတစ်ခုသာ စားဖို့ စိတ်ထဲ ရှိနေလို့ ဖြစ်ပါတယ်။ 

အ၀လွန်ခြင်းကိုလည်း ကာကွယ်ပေးနိုင်
သုတေသီတွေ ရှာဖွေ တွေ့ ရှိချက် အရ မနက်စာ မစားတဲ့ သူများဟာ ပိုပြီး ၀လွယ်တယ်လို့ ဆိုထားပါတယ်။
မနက်စာ ကို ကျော်သွားတဲ့ အတွက် နေ့ လည်စာကို ပိုစားမိပါတယ်။ ပြီးတော့ ညစာကိုပါ အတိုးချ စားမိစေပြန်ပါတယ်။ နေ့ လည်စာ နဲ့ ညစာ အစားများတော့လှုပ်ရှားမှု သိပ်မရှိတော့တဲ့ ဒီအချိန်တွေမှာ ၀ိတ်တက်လာတော့တာပါပဲ။ ၀ိတ်တက်စေတဲ့ ကယ်လိုရီတွေက ဒီလို အချိန်မှာ ပိုပြီး တိုးပွားစေနိုင်ပါတယ်။
ဒီတော့ မနက်စာကို ၀၀လင်လင်စားသုံးပေးခြင်းဟာ အ၀လွန်တဲ့ ပြဿနာကိုလည်း ဖြေရှင်းပေးနိုင်သလိုပါပဲ။ 

ဇီဝရုပ်ဖြစ်ဖျက်မှုကို တိုးပွားစေ
အိပ်စက်နေတဲ့ အချိန်တွေမှာ ဇီဝရုပ်ဖြစ်ဖျက်မှုများဟာ ရပ်တန့်  နှေးကွေး နေတက်ပါတယ်။ ဒီတော့ မနက်စောစော ထပြီး အစားအစာ စားတဲ့အချိန်မှာ ဇီဝရုပ်ဖြစ်ဖျက်မှု ဆိုတဲ့အသက်ရှင်မှု ဆိုင်ရာ လည်ပတ်မှုများဟာ ခုန်တက်လှုပ်ရှားလာပြီး ခန္တာကိုယ် အတွက် လိုအပ်တဲ့ ကာကွယ်မှုတွေကို ပြုလုပ်ပေးနိုင်လာပါတယ်။ ဒီတော့ လွယ်လွယ် နဲ့  ဖျားတာနာတာ ကိုက်ကဲ ပင်ပန်းတာတွေမဖြစ်စေနိုင်ပါဘူး ။

LDL ဆိုတဲ့ ကိုလက်စတော ကို ကျစေ
သင့် ခန္တာကိုယ်မှာ ရှိတဲ့ LDL ကိုလက်စတော ဆိုတာက မကောင်းတဲ့ အမျိုးအစား ကိုလက်စတော ဖြစ်ပါတယ်။
အဓီက အနေနဲ့ နလုံးရောဂါ ဖြစ်ပွားမှု အတွက် အထောက်အပံ့ တစ်ခု ဖြစ်ပါတယ်။ မနက်စာ စားတဲ့ အခါ ဒီ ဓာတ်ထွက်ရှိမှု ကျဆင်းစေပါတယ်။ 

နှလုံးရောဂါကို ကာကွယ်ပေး
မနက်စာ မစားတဲ့ သူတွေဟာ နှလုံးရောဂါကို ပိုမိုဖြစ်ပွားစေပါတယ်။ အဓီက အနေနဲ့ ကိုလက်စတောကို ကျဆင်းစေ ၊ အ၀လွန်စေ ၊ သွေးတိုးစေပြီး
ဆီးချိုရောဂါ ဖြစ်ပွားစေပါတယ်။ ဒါတွေက နှလုံးရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်းများ ဖြစ်လာပါတယ်။ ဒီတော့ နှလုံးရောဂါ မဖြစ်စေချင်ရင်
မနက်စာကို မှန်မှန်စားပေးပါ။

မနက်စာ စားဖို့ အတွက် အရေးကြီးတဲ့ အချက်တွေကို သတိပြုမိပြီလို့  ထင်ပါတယ်။ ကျန်းမာတဲ့ မနက်စာစားသုံးခြင်းဟာ ရောဂါများကို ကာကွယ်ပေးနိုင်တယ်။
စွမ်းအားကို တိုးစေပြီး အလုပ်ကို ပိုမို လုပ်လာနိုင်ပါတယ်။ မကောင်းတဲ့ ကိုလက်စတောကို ကျဆင်းစေပါတယ်။ အဆီတက်ခြင်းနဲ့ ဝခြင်းကို လည်း ကာကွယ်ပေးနိုင်ပြီး
နှလုံးရောဂါကိုကာကွယ်မှု ပေးတဲ့ မနက်စာ စားသုံးခြင်းကို ပုံမှန်လုပ်ဆောင်သွားကြပါစို့  မိတ်ဆွေများ ။

MM Social Sky

No comments:

Post a Comment