Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မန္တလေးတွင် တံတားဆောက်မည်



အောင်ကိုဦး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၄၁ မိနစ် 

ဗိုလ်ချုပ်အောင်ဆန်းနှစ်တစ်ရာပြည့် အကြိုဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်ကြေးရုပ်ရှိရာ မန္တလေးမြို့ မနော်ယမံဥယျဉ်အနီးရှိ နဒီချောင်းတွင် ပေ၁၀၀တံတားတစ်ခု တည်ဆောက်ရန် အောက်တိုဘာလ ၁၀ရက်က မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် အစည်းအဝေးတစ်ခုပြုလုပ်ခဲ့ကြောင်း မန္တလေး #NLDငွေရတုမှတ်တမ်းလွှာဖြစ်မြောက်ရေး ကော်မတီမှ ဦးမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

"ကျွန်တော်တို့ တံတားဆောက်ဖို့ သက်ဆိုင်ရာဌာန အသီးသီးကို တင်ပြဖို့ ဆောင်ရွက်နေပါတယ်။ ခွင့်ပြုကြမယ်လို့လည်း ယုံကြည်ပါတယ်။ ဒီတံတားဆောက်တာ ဗိုလ်ချုပ်ကို ဂုဏ်ပြုသလို ပြည်သူကို ကျေးဇူးဆပ်ခြင်း ဖြစ်ပါတယ်။ ရန်ပုံငွေလည်း ရနေပြီ"ဟု ဦးမျိုးနိုင်က ပြောသည်။

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ငွေရတုမှတ်တမ်းလွှာ မဂ္ဂဇင်းရောင်းချရသည့် အကျိုးအမြတ်ကို အကျယ် ၁၀ပေ၊ အရှည် ပေး၁၀၀ရှိသော အုတ်တံတားဆောက်လုပ်ရန် ရန်ပုံငွေအဖြစ် သုံးစွဲမည်ဖြစ်ကြောင်း ဦးမျိုးနိုင်ကပြောသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၃ရက်တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်၁၀၀ပြည့် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်သည်။

"တံတားကိုကော်မတီတစ်ခုဖွဲ့ပြီးတည်ဆောက်သွားမှာပါ။ ဗိုလ်ချုပ်နှစ်တစ်ပြည့်အမီ အပြီးတည်ဆောက်နိုင်အောင် လုပ်သွားမယ်"ဟု ဦးမျိုးနိုင်ကပြောသည်။

လက်ရှိတွင် တံတားဆည်ဆောက်မည့်နေရာတွင် အများပြည်သူအသုံးပြုနေသော သစ်သား တံတားတစ်စင်းရှိနေပြီး အုတ်တံတားပြုပြင်ဆောက်ရန် အလှူငွေများ ပါဝင်နိုင်သည်ဟုလည်း သိရသည်။

No comments:

Post a Comment