Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 27, 2013

ဒိုင်နိုဆောများကြောင့် မြေကြီးမှ ရွှေသီးတော့မည့် ဖိုးကံကောင်း လယ်သမားကြီး

သတင်းများက အမေရိကန်နိုင်ငံ၊ မွန်တာနားရှိ လယ်သမားကြီး တစ်ဦး ပိုင်ဆိုင်သော မွေးမြူရေးခြံတွင် တူးဖော်တွေ့ရှိသော ဒိုင်နိုဆော အရိုးများကြောင့် ခြံပိုင်ရှင် လယ်သမားကြီး အနေဖြင့် သန်းကြွယ်သူဌေး ဖြစ်လာနိုင်ကြောင်း သုံးသပ် ရေးသားလျှက် ရှိသည်။



အမေရိကန်မှ လယ်သမား တစ်ဦးသည် ရှေးနှစ်သန်းပေါင်း မြောက်မြားစွာက ရှင်သန်ခဲ့သည့် ဒိုင်နိုဆော သတ္တဝါကြီးများကြောင့် မမျှော်လင့်ဘဲ မြေကြီးမှ ရွှေသီးမည့် ကံဇာတာမျိုး ပိုင်ဆိုင်လာပြီ ဖြစ်သည်။ သတင်းများက အမေရိကန်နိုင်ငံ၊ မွန်တာနားရှိ လယ်သမားကြီး တစ်ဦး ပိုင်ဆိုင်သော မွေးမြူရေးခြံတွင် တူးဖော်တွေ့ရှိသော ဒိုင်နိုဆော အရိုးများကြောင့် ခြံပိုင်ရှင် လယ်သမားကြီး အနေဖြင့် သန်းကြွယ်သူဌေး ဖြစ်လာနိုင်ကြောင်း သုံးသပ် ရေးသားလျှက် ရှိသည်။ ၎င်း၏ ခြံထဲတွင် T-Rex ဒိုင်နိုဆောကြီး တစ်ကောင်၏ အရိုးစုနှင့် Triceratops တစ်ကောင်၏ အရိုးစု ရုပ်ကြွင်းများကို မတော်တဆ တူးဖော် တွေ့ရှိခဲ့ပြီး ယင်းတို့ကို လေလံတင် ရောင်းချရန် စီစဉ်နေပြီ ဖြစ်သည်။

T-Rex၏ အရိုးစုသည် ခန္ဓာကိုယ် တစ်ခုလုံးရှိ အရိုးအားလုံး၏ (၄၀)ရာခိုင်နှုန်းမျှ ပြည့်စုံနေပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် တူးဖော်တွေ့ရှိသမျှ T-Rex ရုပ်ကြွင်းအားလုံးအနက် အပြီးပြည့်စုံဆုံး ထိပ်တန်းအခု(၂၀) စာရင်းတွင် ပါဝင်လျှက်ရှိသည်။ ဟဲလ်ခရိခ်ရှိ ခြံမြေတွင် တွေ့ရှိသော အရိုးစု ရုပ်ကြွင်းနှစ်ခုကို နိုဝင်ဘာလ (၁၉)ရက်နေ့တွင် လေလံတင် ရောင်းချသွားမည် ဖြစ်သည်။ သက်တမ်း နှစ်ပေါင်းသန်း(၄၀)မျှ ရှိနေပြီဖြစ်သည့် အရိုးစု နှစ်ခုတွင် T-Rex၏ ရုပ်ကြွင်းက စတာလင်ပေါင် (၁.၄)သန်း၊ Triceratops၏ ရုပ်ကြွင်းက စတာလင်ပေါင် (၅)သိန်းခွဲမျှထိ ရရှိမည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။

T-Rex၏ အရိုးစုသည် (၃၈)ပေ ရှည်လျားပြီး ၎င်းနှင့် မိုင်အနည်းငယ် အကွာတွင် (၂၆)ပေ ရှည်လျားပြီး ကြံ့နှင့် သဏ္ဍန်တူသည့် Triceratopsကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခု T-Rex၏ ရုပ်ကြွင်းတွင် အခြားတွေ့ရှိထားသည့် မပြည့်စုံသော T-Rex အရိုးစုများနှင့် ပေါင်းစပ်ပြီး ဖြည့်တင်းပေးထားသည်။ Triceratopsကမူ ပိုမိုပြည့်စုံပြီး ယင်းအသီးအရွက်စား ဒိုင်နိုဆော၏ ကြီးမားသော ဦးချိုနှစ်ခု၊ နှာခေါင်းထိပ်မှ ချိုငယ်တစ်ခု အပါအဝင် အရိုးစ အားလုံး၏ (၇၀)ရာခိုင်နှုန်း ပြည့်စုံစွာ ရှိနေသည်။ သတင်းများက အမည်ဖော်မပြသည့် လယ်သမားကြီးသည် T-Rex အရိုးစုကို ရက်ဆဲလ်ဟု အမည်ပေးထားသည်။

အဘယ်ကြောင့်ဆိုသော် အမေရိကန် ပန်းချီဆရာ ချားလ်စ်ရက်ဆဲလ်သည် T-Rex အရိုးစု တွေ့ရှိရာ နေရာနှင့် မလှမ်းမကမ်းရှိ လယ်တဲလေးတွင် ရှုမျှော်ခင်းပုံ ပန်းချီများ လာရောက်ရေးဆွဲဖူး၍ ဖြစ်သည်။ လက်ရှိ အချိန်ထိ ဒိုင်နိုဆော အရိုးစု တစ်ခုအတွက် စံချိန်တင် ရရှိဖူးသော ဈေးနှုန်းမှာ (၁၉၉၇)ခုနှစ်က ရောင်းချခဲ့သည့် ဆူးအမည်ရှိ T-Rex အရိုးစု ဖြစ်သည်။ အလွန်ပြည့်စုံ လှပသော ရုပ်ကြွင်းကို ဒေါ်လာ (၅.၇)သန်းထိ ဈေးပေးဝယ်ယူခဲ့သည်။ ဒါကိုတာ တောင်ပိုင်းတွင် တွေ့ရှိသော အဆိုပါ အရိုးစုကြီးသည် ပေ(၄၀)ရှည်ပြီး ကမ္ဘာပေါ်တွင် တူးဖော်တွေ့ရှိဖူးသမျှ အရိုးပိုင်း အပြည့်စုံဆုံး ရုပ်ကြွင်းအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ T-Rex အရိုးစုကြီး ဆူးကို ယခုအခါ ချီကာဂိုရှိ သဘာဝ သမိုင်းပြတိုက်တွင် ပြသထားသည်။

From: Planet Myanmar Network
http://westerndigs.org/magnificent-t-rex-found-on-montana-ranch-museum-reports-with-pictures/3/

No comments:

Post a Comment