Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

ဆင်တွေမတရား အသတ်ခံရမှုဖော်ထုတ်သူ ရဲကခြိမ်းခြောက်

  
ဆင်အကောင်၂၀ကျော်ကိုသတ်ဖြတ်မှုကြီးကိုတာဝန်သိပြည်သူတစ်ဦးအနေနဲ့ဖော်ထုတ်တိုင်ကြားသူ စစ်မှုထမ်းဟောင်းဦးမြင့်ဝေအား၂၇.၁၀.၂၀၁၃ည၁၀:၀၀နာရီအချိန်မှာဒိုက်ဦးမြို့နယ်ဖောင်တော်သီစခန်းမှူးလွင်အောင်မှ၎င်းအရက်သောက်ရာအရက်ဆိုင်သို့ ဦးမြင့်ဝေအားခေါ်ယူပြီးတရားခံစစ်စစ်မေးခဲ့ကြောင်းယင်းသို့မေးရာတွင် ဦးမြင့်ဝေအားခင်ဗျားဟာစစ်မှုထမ်းဟောင်းမဟုတ်ဘူး အယောင်ဆောင်ကောင်ဟု၎င်းဘောနီရွာသား မင်းသိုက်အားဦးမြင့်ဝေမှဆင်သားရေများကိုမင်းသိုက်ကားဖြင့်တင်ဆောင်သည်ဟုဦးမြင့်ဝေမှပြောကြားကြောင်းကို မင်းသိုက်အားစခန်းမှူးလွင်အောင်မှပြောဆိုခဲ့မှုကို မင်းသိုက်မှပြန်ပြောပြ၍ဦးမြင့်ဝေမှစခန်းမှူးလွင်အောင်နှင့်ညတွင်းချင်းရှင်းခဲ့ရာလွင်အောင်မှဆဲဆိုခဲ့ကြောင်း။အရက်ဆိုင်ကိုလည်းသောက်တိုင်းပိုက်ဆံမပေးဘဲအနိုင်ကျင့်သောက်နေကြဖြစ်ကြောင်း။
ယင်းသို့ ပြည်သူ့ဝန်ထမ်းရဲအရာရှိဖြစ်ပါလျက်တာဝန်ချိန်တွင် လက်နက်များဘေးချအရက်သောက်ခြင်း။တာဝန်သိတိုင်ကြားမှုကြောင့်စောက်လုပ်ရှုပ်အောင်လုပ်တဲ့လူပဲဟု ပြောဆိုခြင်း။တရားခံစစ် စစ်ဆေးခြင်း။ဝန်ထမ်းကျင့်ဝတ်မလျော်ညီသောဖောင်တော်သီစခန်းမှူးလွင်အောင်အားအရေးယူပေးစေလိုကြောင်းသိရပါသည်။facebookဝိုင်းတော်သားများကိုယ်စွမ်းသောနည်းဖြင့်ကူညီပေးလိုက်ကြပါဦးစို့ခင်ဗျာ။

ဆင်သတ်ဖြတ်မှုနဲ့ပတ်သတ်လို့ကျနော်သွားရောက်လေ့လာရရှိမှုတွေအရပဲခူးတိုင်းဒိုက်ဦးမြို့နယ် ဘောနီဆည်၏အထက်ပိုင်းမှာတင် အကောင်၂၀ကျော်သတ်ဖြတ်ခံရပြီအခြားနေရာများဖြစ်သည့် ကောလိယ ဆည်ဘက်မှာ
လည်း အလားတူသတ်ဖြတ်မှုများရှိနေခဲ့ပ့သည်။ဤသို့ ဟိုးလေးတကျော်ကျော် နိုင်င၏ရတနာများဆုံးရှုံးနစ်နာမှုများအား ဒိုက်ဦးမြို့နယ်မှတာဝန်ရှိသူများ
သည် အရေးယူဆောငရွက်မှုပေါ့လျော့ခဲ့မှုကြောင့်မဆုံးရှုံးသင့်ပဲဆုံးရှုံးခဲ့ရပါသည်။ ယခုထိတရားခံများလွတ်မြောက်လျက်ရှိပါသည်။ တရားခံများနှင့်ပူးပေါင်းပါဝင်ပတ်သက်သူများအားလည်း စစ်ဆေးမေးမြန်းခြင်းမရှိသေးပါ။ သို့ပါ၍ နိုင်ငံတော်အကြီးအကဲများသိရှိပြီး အောက်ခြေထိ စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်စေနိုင်ရန်တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

http://88thitsamyae.blogspot.com/2013/10/blog-post_3063.html

No comments:

Post a Comment