Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

လည်ပင်းညှစ်သည့် ခင်ပွန်းကို ဓားဖြင့်ခုခံရာမှ ခင်ပွန်းသေဆုံး


လှည်းကူးမြို့နယ်တွင် လင်မယားချင်း စကားများရန်ဖြစ်ရာမှ ဇနီးက ဓားဖြင့်ထိုး၍ ခင်ပွန်း သေဆုံးသွားကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၇ ရက်က လှည်းကူးမြို့နယ်၊ ဆင်ဖုံကျေးရွာတွင် နေထိုင်သည့် ဇနီးမောင်နှံနှစ်ဦးသည် ဆန်သယ်သည့်ကိစ္စနှင့် ပတ်သက်၍ စကားများရန်ဖြစ်ကြသည်။

ခင်ပွန်းဖြစ်သူက ဇနီးသည်ကို လက်သီးဖြင့်ထိုးကာ လည်ပင်းကိုညှစ်သောကြောင့် ဇနီးသည်က အနီးရှိ ထရံတွင်ထိုးထားသော အရိုး လေးလက်မ၊ အသွား ငါးလက်မခန့်ရှိ ကြက်သွန်လှီးစတီးလ်ဓားကိုဆွဲယူပြီး ခင်ပွန်းကို ထိုးလိုက်သည်။ ခင်ပွန်းသည်၏လည်ပင်းတွင် ဓားဒဏ်ရာတစ်ချက်ရရှိကာ အဆိုပါနေရာ၌ပင် သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

““ကောင်မလေးက ငါးရောင်းတဲ့အလုပ်လုပ်တယ်။ သူ့ကို စစ်ဆေးတော့ သူကဓားနဲ့ထိုးတယ်လို့ ၀န်ခံတယ်။ သူတို့မှာ သားသမီးသုံးယောက်ရှိတယ်။ ကလေးအငယ်ဆုံးတောင် (၁၆) နှစ် ရှိနေပြီ။ ကလေးတွေကို ယောက္ခမက စောင့်ရှောက်ပေးနေတယ်”” ဟု လှည်းကူးမြို့မရဲစခန်းမှူး၊ ဒုတိယရဲမှူးမြင့်ဦးက ပြောသည်။

သေဆုံးသူအမျိုးသားသည် ဇေကမ္ဘာဥယျာဉ်အိမ်ရာ အနောက်ဘက်ရှိ လှည်းကူးမြို့နယ်၊ စစ်ပင်ကျေးရွာဇာတိဖြစ်ပြီး  ဇနီးသည်မှာ ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် ဖလေးကျေးရွာဇာတိဖြစ်ကာ ၎င်းတို့မိသားစုသည် ဆင်ဖုံကျေးရွာ၌ နေထိုင်ကြခြင်းဖြစ်သည်။

စစ်ပင်ကျေးရွာတွင်နေထိုင်သည့် သေဆုံးသူ အောင်ကျော်မိုး၏ဖခင် ဦးအောင်မြင့်က တရားလိုပြုလုပ်ကာ ချွေးမဖြစ်သူ မအေးအေးနိုင်ကို အရေးယူပေးရန် တိုင်ကြားသောကြောင့် လှည်းကူးမြို့မရဲစခန်းမှ ပုဒ်မ- ၃၀၂ ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

အလားတူပင် မှော်ဘီမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ ရွှေမြယာကျေးရွာတွင် အောက်တိုဘာ ၈ ရက်က အရက်မူးပြီး အိမ်ပြန်လာသောကြောင့် လင်မယားချင်းစကားများရာမှ ဇနီးက ထန်းလှီးဓားဖြင့်ထိုးလိုက်၍ ခင်ပွန်းဖြစ်သူသေဆုံးသွားသောဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment