Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, October 29, 2013

ကမ္ဘာ့အရပ် အရှည်ဆုံး လူသား တူရကီတွင် လက်ထပ်ပွဲ ကျင်းပ



ကမ္ဘာ့အရပ်အရည်ဆုံးလူသားအဖြစ် Guinness World Record စာအုပ်တွင်မှတ်တမ်းတင်ခြင်း ခံထားရသူ ဆူလ်တန်ကိုဆန်သည် ဆီရီးယားသူတစ်ဦးနှင့် တူရကီတွင် အောက်တိုဘာ၂၇ရက်ကလက်ထပ်ပွဲ ကျင်းပ ခဲ့သည်။

သတို့သားဖြစ်သူဆူလ်တန်အသက်၃၁နှစ်၏လက်ရှိအရပ်မှာရှစ်ပေသုံးလက်ခန့်ရှိပြီးသူ၏မဟေသီဖြစ်သူမာဝီဒီဘိုအသက်၂၀နှစ်၏အရပ်မှာ ၅ပေ ၉ လက်မရှိသည်။

လက်ထပ်ပွဲကို ဆူတန်၏ မွေးရပ်မြေဖြစ်သော တူရကီအရှေ့တောင်ပိုင်း မာဒင်ပြည်နယ်တွင် ကျင်းပခဲ့ သည်။ ဆူလ်တန်က သူသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံးလူသား ဖြစ်ခဲ့ပြီဟု မင်္ဂလာအခမ်းအနားတွင် ပြောကြား ခဲ့ပြီး ဆီးရီးယားနိုင်ငံ ဟာဆာကာမြို့သူ မာဝီက ယခုပျော်ရွှင်မှုသည် သက်ဆုံးတိုင် တည်မြဲ လိမ့်မည် ဟု ယုံကြည်ကြောင်း ဆိုသည်။

ဆူလ်တန်သည် ၂၀၀၉ခုနှစ် စက်တင်ဘာလက Guinness Book Record တွင် ကမ္ဘာ့အရပ်အရှည်ဆုံး လူသား အဖြစ် စံချိန်တင် မှတ်တမ်းဝင်စဉ်က သူ၏ အရပ်မှာ ၈ ပေ ၁ လက်မကျော်သာ ရှိခဲ့သည်။ အမေရိ ကန် ဆရာ ၀န်များက သူ၏ အရပ်ထိုသို့ ထိုးထွက်လာခြင်းသည် သူ၏ခန္ဓာကိုယ်တွင်းမှ ဂလင်း အကြိတ် များ မူမမှန်ခြင်းကြောင့် ဖြစ်သည်ဟု အဖြေထုတ်ထားသည်။

၂၀၁၀ခုနှစ် သြဂုတ်လက ဗာဂျီးနီးယားပြည်နယ်တွင် အမေရိကန် ဆရာဝန်များက Gamma Knife ဟု အ မည်ပေး ထားသော ဂါမာရောင်ခြည်ကုထုံးဖြင့် ဆူလ်တန်ကိုကုသပေးခဲ့ကြသည်။

သို့သော် ပြီးခဲ့သောနှစ်က ဆရာဝန်များက ဆူလ်တန်၏ ကိုယ်ခန္ဓာကြီးထွားမှုသည် သက်ကြီးအရွယ် ရောက်သည် တိုင်အောင် ဆက်လက်ဖွံ့ဖြိုးနေဦးမည်ဟု ဆိုကြသည်။ လက်ရှိအချိန်တွင် ဆူလ်တန်ကို ဂျိုင်းထောက်ဖြင့် သွားလာရန် သူ၏ ဆရာဝန်များက ညွှန်ကြားထားသည်။

Ref: AFP
မြန်မာ့ခေတ်

No comments:

Post a Comment