Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 13, 2013

ပုန်းရည်ကြီးထမင်းသုပ်


ပုန်းရည်ကြီးထမင်းသုပ်နှင့် တွဲဖက်စားရန်အတွက် ကြက်ဥ ၁ လုံး၊ဝက်အူချောင်း ၂ ချောင်း၊ငရုတ်သီးခြောက် ၃ တောင့် တို့ကိုအရင်ကြော်ထားပါ။ သုပ်မည့်ဇလုံထဲသို့ ပုန်းရည်ကြီးအနှစ်ကို ထမင်းပမာဏပေါ် မူတည်၍ ချိန်ဆပြီးထည့်ပါ။ ထမင်းကို ချေပြီးထည့်ပါ။ ပုစွန်ခြောက်မှုန့်၊ ပါးပါးလှီးထားသော ကြက်သွန်နီနှင့် ကြက်သွန်ဖြူ၊ငရုတ်သီးအကြတ်မှုန့်၊ ဆား၊ဆီ တို့ကိုအနည်းငယ်ဆီ ထည့်ကာ အားလုံး နှံ့အောင် ရောနယ်ပြီး အပေါ့အငံမြည်းကာ အရသာရှိသော ပုန်းရည်ကြီးထမင်းသုပ်ကို ကြက်ဥကြော်၊ ဝက်အူချောင်းကြော်၊ ငရုတ်သီးခြောက်ကြော်၊သံပုရာသီးစိပ်၊သခွါးသီး၊မုံလာဥနီ တို့ဖြင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။

No comments:

Post a Comment