Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 24, 2013

ဓားစာခံများ အပြန်အလှန် လဲလှယ်ရေး အစီအစဉ်အရ ဆီးရီးယားက အထိန်းသိမ်းခံ အမျိုးသမီးများ ၁၄ဦးကို လွှတ်




အောက်တိုဘာ ၂၄။

ဆီရီးယားအာဏာပိုင်များက ဓားစာခံများအပြန်အလှန် လွှဲပြောင်းရေး သဘောတူညီချက်၏ တစ်စိတ် တစ်ပိုင်း အဖြစ် နိုင်ငံ တွင် ထိန်းသိမ်းထားသော အမျိုးသမီး ၁၄ဦးကို လွှတ်ပေးလိုက်သည်။ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က ဆက်လက် လွှတ်ပေးရမည့် အမျိုးသမီး အကျဉ်းသား ဒါဇင်ပေါင်းများစွာ ကျန်ရှိနေသေး သည်ဟု အောက်တိုဘာ ၂၂ရက်က ဆိုသည်။

ဆီရီးယားမြောက်ပိုင်း သောင်းကျန်သူအဖွဲ့မှ ၁၇လ ကြာထိန်းသိမ်းထားသော လက်ဘနွန်သား ကိုးဦးကိုလည်း စနေနေ့ လွှဲပေးခဲ့သည်။ သူတို့သည် သြဂုတ်လတွင် လက်ဘနွန်၌ ပြန်ပေးဆွဲခံခဲ့ရသော တူရကီလေယာဉ်မှူး နှစ်ဦးနှင့် လဲလှယ် ရန်ဖြစ်သည်။ ယခု ဓားစားခံများ အပြန်အလှန် လွှဲပြောင်ရေးသည် ဆီရီးယား၊ တူရကီ၊ ကာတာနှင့် လက်ဘနွန်နိုင်ငံတို့ အကြားက သီးခြားအစီအစဉ် တစ်ရပ်ဖြစ်သည်။

ယခုနောက်ဆုံး လွှတ်ပေးခဲ့သော အမျိုးသမီး ၁၄ဦးအနက် တစ်ယောက်သည် နှစ်ကြိမ်တိတိ အဖမ်းခံခဲ့ရသော ကင်ဆာရောဂါသည် တစ်ဦးလည်းပါ၏။ သူမ၏ ခင်ပွန်းမှာလည်း ဆီရီးယား၏ ၃၁လကြာ ပဋိပက္ခတိုက်ပွဲများအကြား အသတ်ခံ ခဲ့ရသည်။ လက်ရှိအချိန်တွင် ဆီရီးယားမှ အမျိုးသမီး အကျဉ်းသား ၁၂၈ဦးကို လွှတ်ပေးရန် ကျန်ရှိနေကြောင်း၊  အမည်စားရင်း တိတိကျကျ ပြုစုထားကြောင်း တက်ကြွလှုပ်ရှားသူများက ဆိုသည်။

သို့သော် ဒမတ်စကတ်အစိုးရက အကျဉ်းသားများနှင့် ပတ်သတ်၍ ထင်မြင်ချက်တစ်စုံတရာ မပေးဘဲ ရှိနေခဲ့သည်။ ဆီရီးယားတွင် ယင်းသို့ အဖမ်းခံခဲ့ရသူများသည် တရားရုံး ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မရှိဘဲ ထင်သလိုစွပ်စွဲချက် မျိုးစုံနှင့်  အတင်းအကျပ် ထိန်းသိမ်းခြင်းကို ခံကြရလေ့ရှိသည်။

Ref: Al Jazeera
မြန်မာ့ခေတ်

No comments:

Post a Comment