Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 7, 2013

" အောင်ဆန်း "

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးမင်းထင်ကိုကိုကြီး ၊ ကိုဝိုင်း ၊ ကိုဝေဠုကျော် ၊ ဒေါ်အိအိခိုင် ၊ မကြည်ဖြုသျှင် တို့ နေပြည်တော် ၌ ရုပ်ရှင်ဇာတ်ကား နှင့် ပတ်သတ် ၍ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည် ။

အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကား ၏ အမည်ကို " အောင်ဆန်း " ဟူ၍ သတ်မှတ် မည် ဖြစ်ကြောင်း သဘောတူခဲ့ကြပါသည် ။

၂၀၁၃ ခုနှစ် အတွင်း အမေရိကန်နိုင်ငံ နှင့် အင်္ဂလန်နိုင်ငံ တို့မှ ရုပ်ရှင်ထုတ်လုပ်သည့် ကုမ္မဏီများ ကို ဆက်သွယ်၍ အပြီးသတ်ရွေးချယ် သွားမည်ဖြစ်ပြီး ဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်း နှင့်
ဒေါ်ခင်ကြည် ဇာတ်ရုပ်နေရာတွင် အဓိကပါဝင်သရုပ်ဆောင်ရန် ရွေးချယ်ထားသော ကိုကျော်ကျော်မျိုး နှင့် မဇာခြည်လင်း တို့ကိုလည်း ဖြစ်မြောက်ရေးအဖွဲ့ မှ စခန်းသွင်းလေ့ကျင့် ရန် ခေါ်ယူထားပြီး ဖြစ်ပါသည် ။

Credit to Martin Swe

Cho Lay

No comments:

Post a Comment