CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 6, 2013
ဈေးကွက်အတွင်းတွေ့ရသော ရက်ကြာ အချဉ်ရည်များတွင် ဘက်တီးရီးယားပိုးရှိ
ရန်ကုန်၊ အောက်တိုဘာ ၎
ဈေးကွက်အတွင်း ရောင်းချ အသုံးပြုနေသော ရက်ကြာ အချဉ်ရည် များသည် မူလအရောင်မှ အခြား အရောင်များသို့ အရောင်ပြောင်း သွားသည်ကို တွေ့ရှိရ၍ ထိုအချဉ်ရည်များကို စားသုံးသူ ကာကွယ်ရေး အသင်းမှ အမှတ်(၁) စက်မှုဝန်ကြီးဌာန၊ သုတေသနနှင့် ဖွံ့ဖြိုးရေး ဓာတ်ခွဲခန်းသို့ ပေးပို့ခဲ့ရာ စစ်ဆေးချက် အရ ဘက်တီးရီးယား ပိုးများ တွေ့ရှိကြောင်း စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဌ ဦးဗအုပ်ခိုင်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
အရောင်ပြောင်းနေသော အချဉ်ရည်များကို အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာန သို့လည်း ပေးပို့စစ်ဆေးခဲ့ပြီး ယင်းဌာနမှလည်း ကော်လီဖိုင်း ဘက်တီးရီးယားပိုး ပါဝင် သည်ဟု ထုတ်ပြန်ခဲ့သည်။ အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ သုတေသနဖွံ့ဖြိုးရေး ဓာတ်ခွဲခန်း စစ်ဆေးချက်တွင်မူ မည်သည့် ဘက်တီးရီးယား အမျိုးအစားပါဝင်ခြင်းကို ထုတ်ပြန်မှု မရှိပေ။
“အင်းစိန်၊ ကြို့ကုန်းက အမျိုးသမီးက ကြေးအိုးဝယ်လို့ အချဉ်ရည်ပေးလိုက်တာ ၄ ရက်၊ ၅ ရက်ကြာတော့ အနီရောင်ကနေ အစိမ်းရောင် ပြောင်း သွားတယ်။ နောက်ကျတော့ အပြာရောင် ပြောင်းသွားတယ်။ ဆရာထင်တာကတော့ ကော့ပါးဆာလဖစ်က အပြာရောင်၊ မြန်မာလိုကတော့ ဒုတ္တာခေါ်တာပေါ့ အဲဒါကို တချို့က ဇီးထုပ်တွေ၊ ငံပြာရည်တွေထဲမှာ ထည့်သုံးတာ တွေ့ဖူးတယ်” ဟု ဦးဗအုပ်ခိုင်က ပြောသည်။
ယင်းဘက်တီးရီးယားပိုးများသည် ၀မ်းပျက်၊ ၀မ်းလျောနှင့် ကျောက်ကပ်ရောဂါများ ဖြစ်စေနိုင်ကြောင်း၊ အစားအသောက်များတွင် ဓာတုပစ္စည်းများ သုံးစွဲမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် တားဆီး ထိန်းသိမ်းပေးရန် လိုအပ်ကြောင်း၊ မိမိတို့အသင်းအနေဖြင့် စားသုံးသူများအတွက် အန္တရာယ် ဖြစ်စေနိုင်သော အစားအသောက်များ ထုတ်လုပ်မှုအပေါ်တွင် စုံစမ်းဖော်ထုတ်မှုများ ပြုလုပ် မည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
ချမ်းမြေ့ခိုင်
Myanmartandawsint Newspaper
ဈေးကွက်အတွင်းတွေ့ရသော ရက်ကြာ အချဉ်ရည်များတွင် ဘက်တီးရီးယားပိုးရှိ
Reviewed by VC
on
October 06, 2013
Rating: 5
Reviewed by VC
on
October 06, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment