Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 5, 2013

မိခင်နို့ရည်သည် ကလေးငယ် များ၏ ဥာဏ်ရည် ဖွံ့ဖြိုးမှုတွင် အဓိက အခန်း ကဏ္ဍ အဖြစ် ပါဝင်


ကလေးငယ်များ၏ ဥာဏ်ရည် ဖွံ့ဖြိုး မှုတွင် မိခင်၏ နို့ချို တိုက်ကျွေး မှုသည် အဓိက အခန်း ကဏ္ဍ ဖြစ်ကြောင်း Brown တက္ကသိုလ်မှ သုတေသီ များ၏ လေ့လာချက် အရ သိရသည်။
သုတေသီ များသည် ပုံမှန် ကိုယ်ဝန် ဆောင်၍ မွေးဖွား လာခဲ့သော ၁ဝ လသား အရွယ်မှ လေးနှစ် အရွယ်ရှိ ကလေးငယ် ၁၃၃ ဦးကို လေ့လာ ခဲ့ရာမှ အဆိုပါ အချက်ကို တွေ့ရှိ ခဲ့ခြင်း ဖြစ်သည်။ သုတေသီ အဖွဲ့သည် ကလေးငယ်များ အိပ်နေစဉ် အတွင်း MRI ရိုက်ကူး၍ ၎င်းတို့၏ ဥာဏ်ရည် ဖွံ့ဖြိုး မှုကို စစ်ဆေး ကြည့်ရှု ခဲ့သည်။

ထိုကဲ့သို့ လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ရာ မိခင်နို့ကို သုံးလကြာ သောက်သုံး ခဲ့ရသော ကလေး

ငယ်များသည် မိခင်နို့ အစား နို့မှုန့်များ၊ ဖြည့်စွက် စာများ သောက်သုံး၍ ကြီးပြင်း ရသော ကလေးငယ် များထက် ၂ဝ ရာခိုင်နှုန်းမှ ၃ဝ ရာခိုင်နှုန်းအထိ ဥာဏ်ရည် ပိုမို ဖွံ့ဖြိုးကြောင်း တွေ့ရသည်။

ထို့ပြင် မိခင် နို့ကို သောက် သုံး၍ ကြီးပြင်းရသော ကလေးငယ် များသည် ဘာသာ စကား ပြောဆို နိုင်မှု၊ စိတ် ခံစားချက်၊ သိမြင်စိတ် များတွင်လည်း မိခင်နို့ အစား အခြား ဖြည့်စွက် စာနှင့် နို့မှုန့် များအား စားသောက်၍ ကြီးပြင်း လာသူ ကလေးများထက် ပို၍ တိုးတက် ကောင်းမွန်ကြောင်း တွေ့ရသည်။

မိခင်နို့ကို တစ်နှစ်ကျော် ကြာအောင် စို့ခဲ့ရသော ကလေးငယ် များသည် အချိန် တစ်နှစ် အောက်သာ စို့ခဲ့ရသော ကလေးငယ် များထက် ပို၍ ဥာဏ်ရည် ဖွံ့ဖြိုးပြီး အရွယ် ရောက်လာသော အခါ ထက်မြက်သော ဥာဏ်ရည်ကို ပိုင်ဆိုင်ခွင့် ရကြောင်း ပညာရှင် များ၏ လေ့လာမှု အရ သိရသည်။ ။

http://www.myawady.net.mm/health/knowledge/item/16670-2013-06-15-12-51-54

No comments:

Post a Comment