CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, October 1, 2013
ရန်ကုန်လေဆိပ်တွင် ဂိမ်းစက်အတွင်း ထည့်သွင်းယူလာသည့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
ဇော်ဇော်ထွေး | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၅ နာရီ ၀၆ မိနစ်
ရန်ကုန်လေဆိပ်တွင် တီဗီဂိမ်းစက်အတွင်း ထည့်သွင်းသယ်ဆောင်လာသော စိတ်ကြွဆေးပြားများကို စက်တင်ဘာ ၂၈ ရက်က ဖမ်းဆီးရမိကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
အမှုတွင် စက်တင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ရန်ကုန်မှ မြိတ်မြို့သို့သွားမည့် မြန်မာ့လေကြောင်း UB-Special ဖြင့် တင်ဆောင်ရန်အတွက် တီဗီဂိမ်းစက် သယ်ဆောင်လာချိန်တွင် ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်းထွက်ခွာ X-Ray စက်တွင် ကိုကျော်စွာဝင်း၊ အင်းစိန်မြို့နယ် ယူဆောင်လာသည့် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော တီဗီဂိမ်းစက်အား X-Ray စက်တွင် ဖြတ်သန်းစဉ် မသင်္ကာဖွယ်ရာတွေ့ရှိခဲ့ရ သည်ဟု ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ထို့ကြောင့် လေကြောင်းရဲတပ်ဖွဲ့မှူးရုံး (ရန်ကုန်)သို့ ကျော်စွာဝင်းအား တီဗီဂိမ်းစက်နှင့်အတူ ခေါ်ဆောင်ကာ သက်သေများရှေ့တွင် ဖွင့်ဖောက် စစ်ဆေးခဲ့ကြသည်။ ယင်းစက်အတွင်းမှ အ၀ါရောင်တိတ်ဖြင့်ပတ်လျက် အပြာရောင် ပလပ်စတစ်အိတ်ငယ်များဖြင့် ထည့်ထားသော WY စာတမ်းပါ စိတ်ကြွဆေးပြား (၇၉၈)ပြား ကာလတန်ဖိုး ကျပ်သိန်း (၃၉၉၀,၀၀၀) အားတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်ဟု ရဲဌာနက ဆိုထားသည်။
ယင်းဆေးပြားများ သယ်ဆောင်လာသူ ကျော်စွာဝင်းအား စစ်ဆေးရာတွင်လည်း အဆိုပါဆေးပြားများကို ရန်ကုန်မှ မြိတ်မြို့သို့ ပို့ဆောင်ပေးရန် နံနက် ၆ နာရီ အချိန်က အမည်မသိအမျိုးသားတစ်ဦးမှ လာရောက်ပေးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုထားသည်ဟု ဆိုသည်။
ထို့ပြင် မြိတ်မြို့မှ ဦးနောင်ကိုဆိုသူထံ ပို့ဆောင်ပေးရမည်ဟု သိရှိသောကြောင့် ကော့သောင်းမူးယစ်တပ်ဖွဲ့စုက မွန်းလွဲ ၁ နာရီ ၅၀ အချိန်တွင် ဦးနောင်ကိုအား ဖမ်းဆီးရမိထားသည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် စိတ်ကြွဆေးပြားများ လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိမှုကြောင့် ကျော်စွာဝင်းနှင့် ဆက်စပ်နေသည့် ဦးနောင်ကိုတို့အား မင်္ဂလာဒုံမြို့နယ် ရဲစခန်းက မယ (ပ) ၉/ ၂၀၁၃ဖြင့် အမှုဖွင့် စစ်ဆေးနေပြီး ပြစ်မှုထင်ရှားပါက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတက်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က) /၂၁ဖြင့် တရားစွဲဆိုမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
ရန်ကုန်လေဆိပ်တွင် ဂိမ်းစက်အတွင်း ထည့်သွင်းယူလာသည့် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
Reviewed by VC
on
October 01, 2013
Rating: 5
Reviewed by VC
on
October 01, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment