Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 23, 2013

လက်ဝှေ့ ဝါသနာရှင်များအကြိုက်တွေ့ မယ့်ပွဲတစ်ပွဲ UFC 165

ကမ္ဘာပေါ်မှာရှိတဲ့ကိုယ်ခံပညာရပ်ပေါင်းစုံကိုရောမွှေကစားတဲ့ UFC လက်ဝှေ့ ပွဲတစ်ပွဲကို စက်တင်ဘာ ၂၁ ရက်က တိုရန်တို၊ကနေဒါမှာကျင်းပသွားပါတယ်။ လိုက်ဟဲဗီးဝိတ်ချန်ပီယန်အမေရိကန်နိုင်ငံသားဂျွန်ဂျုန်း နဲ့  ဆွီဒင်နိုင်ငံသားအလက်ဇန်ဒါးတို့ ရဲ့ ပွဲပါ။ ခပ်ကြမ်းကြမ်းထိုးတာကြိတ်တာကြည့်ချင်တဲ့သူတွေအတွက်သိပ်သဘောတွေ့ မယ့်ပွဲတစ်ပွဲပါ။ လက်ဝှေ့ ပွဲပြီးတော့ နှစ်ယောက်စလုံးဆေးရုံကိုသွားကြရပါတယ်။ ကားတိုက်မှုကြောင့်လားထင်မှားရအောင်ကို နှစ်ယောက်လုံးကသွေးတွေအရွှဲသားနဲ့ ပါ။ အောက်ကပုံက ချန်ပီယံဂျွန်ဂျုန်းပါ။
ဒီတယောက်က ဆီဒင်နိုင်ငံသားအလက်ဇန်ဒါး
ဆုကြေးတော့ ဒေါ်လာငါးသောင်းစီရသွားကြပါတယ်။ UFC ဆိုတာအရှည်ကUltimate Fighting Championship ပါ။ အဘိဓာန်မှာကြည့်တော့ ultimate ကိုlast,maximum,highest,finalစသဖြင့်တွေ့ ပါတယ်။ အဆင့်မြင့်ဆုံးကိုယ်ခံပညာလို့ ဘာသာပြန်ရမလားမသိပါဘူး။ ယူအက်ဖ်စီပွဲတွေကို စတင်ကျင်းပခဲ့တာ ၁၉၉၃ ဒန်ဗာ၊ကော်လိုရာဒိုမှာပါ။ တကယ်တိုက်ခိုက်တဲ့အခါ ဘယ်နည်းစနစ်က အထိရောက်ဆုံးလဲဆိုတာကိုသိရဖို့ အတွက် လက်ဝှေ့ ၊နပန်း၊မွေထိုင်း၊ကာရာတေး၊ဂျူဒို စတဲ့ကိုယ်ခံပညာရပ်ပေါင်းစုံယှဉ်ပြိုင်ရာက စခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာပြိုင်ပွဲဝင်သူတွေက ကိုယ်ခံပညာ နည်းစနစ်တွေထဲက အကောင်းဆုံး၊အထိရောက်ဆုံးနည်းစံနစ်တွေကိုရောမွှေသုံးလာကြပါတယ်။ ခုတော့ကနေဒါ၊ဥရောပ၊သြစတြေးလျ၊အရှေ့ အလယ်ပိုင်းနဲ့ အာရှတို့ မှာ UFC လက်ဝှေ့ ပွဲတွေကိုကျင်းပနေကြပါပြီ။
 The Melting Pot 4 U (စုံစီနဖာဟင်းလေးအိုးကြီး) 

No comments:

Post a Comment