Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 20, 2013

အိမ်လုပ်သံပရာ Skin Care များ



ဆားဝက်ခြံ

ညအိပ်ရာမ၀င်ခင် ဆားဝက်ခြံရှိတဲ့ မျက်နှာအရေပြားကို သံပရာသီးစိတ်လေးနဲ့ သာသာလေးပွတ်ပေးပါ။ မနက်အိပ်ရာနိုးတဲ့အခါ ရေနွေး လေးနဲ့ မျက်နှာသစ်လိုက်ပါ။ သံပရာသီးမှာပါတဲ့ Citric အက်စစ်က ဆားဝက်ခြံအတွင်းမှာရှိတဲ့ အဆီတွေကို ပျော်ဝင်သွားစေလို့ ဖြစ်ပါ တယ်။


တောက်ပတဲ့အသားအရေ

တောက်ပစိုပြည်တဲ့ အသားအရေ ပိုင်ဆိုင်လိုရင် သံပရာရည်ခွက်တစ်ခွက်ခန့်ကို ရေချိုးမယ့်ရေထဲထည့် ထားလိုက်ပြီး ထိုသံပရာရည်နှင့် မိနစ် ၂၀ခန့် စိုစွတ်ထိတွေ့နေပါစေ။


Toner

အဆီပြန်သော အသားအရေရှိသူများအတွက် မီးဖိုချောင်လုပ် Toner လုပ်နည်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ သံပရာရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ဗော့ဒ်ကာအရက် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ရေသန့်လက်ဖက်ရည်ဇွန်း ၁ဇွန်းအပြင် Witch hazel လို့ခေါ်တဲ့ ဆေးဖက်ဝင် အပင် အဆီအနှစ် လက်ဖက်ရည်ဇွန်း ၁ဇွန်းတို့ကိုရောစပ်ပြီး ၀ါဂွမ်းဖြင့်လိမ်းနိုင်ပါတယ်။


ဦးရေပြားယားယံခြင်းအတွက်

ဦးရေပြားမှာ ဗောက်ထပြီး ယားယံနေပါသလား၊ သံပရာရည်နှင့် သံလွင်ဆီသုံးပေးနိုင်ပါတယ်။ သံပရာရည်က ဦးရေပြားပေါ်က ဗောက် တွေကို ဖယ်ရှားပေးနိုင်ပြီး သံလွင်ဆီက ဦးရေပြားကို အစိုဓာတ် ထိန်းပေးပါတယ်။


ပြုလုပ်ပုံ

လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပရာရည် ဟင်းစားဇွန်း ၂ဇွန်း၊ သံလွင်ဆီ ၂ဇွန်း၊ ရေ ၂ဇွန်း ကိုနှံ့စပ်အောင်ရောနှောပါ။ ပြီးရင် ဦးရေပြားမှာ လိမ်းပြီး နှိပ်နယ်ပေးပါ။ မိနစ် ၂၀ခန့်ထားပါ။ ပြီးရင် ရေဆေးပြီး ရှန်ပူဖြင့် ခေါင်းလျှော်ပါ။ ၂ပတ်တစ်ကြိမ်ပြုလုပ်ပေးနိုင် ပါတယ်။


Ref: Internet

No comments:

Post a Comment